Android ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ အကောင်းဆုံးနည်းလမ်းများ


သင့်ရဲ့ စမတ်ဖုန်းအား သင့်ရဲ့ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်တာ သေချာပါစေ။
သင့်ရဲ့ Android ဖုန်းတွေကို သင့်ရဲ့ ကွန်ပျူတာနဲ့ အမှီခိုကင်းကင်း ချိတ်ဆက်နိုင်ဖို့ဆိုတာကတော့ သုံးနေကျဆိုရင် အရေးသိပ်မပါပါဘူး။ ဒီနေရာမှာ သင့်ရဲ့ အသေးစားသတိပေးချက်လေးတွေကို လုပ်ဆောင်ပေးနိုင်တဲ့ များစွာသောဝန်ဆောင်မှုတွေ ရှိပါတယ်။ မက်ဆေ့ခ်ျပြန်ခြင်း၊ သင့်ရဲ့ဖုန်းနဲ့ ကွန်ပျူတာအကြား အချက်အလက်တွေကို sync လုပ်ပေးခြင်းတို့ ဖြစ်ပါတယ်။ ဒီတော့ platform နှစ်ခုစလုံးအတွက် အဆင်ပြေစေမယ့် ရွေးချယ်စရာလေးတွေကို ပြပေးထားပါတယ်။

Pushbullet


Pushbullet ဟာ သင့်ရဲ့ဖုန်းနဲ့ ကွန်ပျူတာအကြား ဖိုင်တွေကို ပို့ရတာ အလွယ်ဆုံးနည်းလမ်းတစ်ခု ဖြစ်စေပါတယ်။ app ဟာ လင့်တွေ၊ ဖိုင်တွေနဲ့ document တွေကို ပစ္စည်းနှစ်ခုအကြား push လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်သူ့မှာ  messaging platform ကလည်း ကောင်းမွန်ပါတယ်။ အသေးစား သတိပေးချက်လေးများအပါဝင် Pushbullet ဟာ သင့်ရဲ့ကွန်ပျူတာကနေပြီးတော့လည်း မက်ဆေ့ခ်ျပို့မလား၊ ကြည့်မလား လုပ်နိုင်ဦးမှာပါ။
Pushbullet ဟာ ဖိုင်နဲ့လင့်တွေကို သင့်သူငယ်ချင်းတွေကိုလည်း ပို့ခွင့်ပေးထားပါတယ်။ လုပ်ရမှာကတော့ သင့်သူငယ်ချင်းတွေရဲ့ email ID လေးကို ထည့်ပေးရုံပါပဲ။ ဒါဆိုရင်တော့ ပို့ချင်တာကို အလွယ်လေး ပို့လို့ရပြီပေါ့။ ပြီးတော့ နောက်တစ်ခုရှိသေးတာက Channels feature ပါ။ သူကတော့ news ၊ sports ၊ gaming ၊ entertainment နဲ့ tech စတဲ့ category အလိုက် သတိပေးချက်တွေကို ပြသပေးနိုင်ပါတယ်။
Pushbullet ဟာ  Chrome ၊ Firefox နဲ့  Opera တို့အတွက်လည်း extension အနေနဲ့ ရနိုင်သလို Play Storeမှလည်း ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။ browser extensions တွေကတော့ သင့်ကို function အများစုကို သုံးခွင့်ပေးပေမယ့် remotely သုံးချင်ရင်တော့ Windows clientသွင်းဖို့ လိုအပ်ပါတယ်။
native Windows client ကို အသုံးပြုခြင်းအားဖြင့် ဖိုင်တွေကို သင့်ရဲ့ကွန်ပျူတာနဲ့ ဖုန်းအကြား remotely access ရရှိမှာ ဖြစ်ပါတယ်။ set up လုပ်ရတာလည်း လွယ်မှလွယ်။ လုပ်ရမှာက Remote Files access ဆိုတာလေးကိုWindows client နဲ့ Android app မှာ enable လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ရသွားပါပြီ။
အဲဒီဝန်ဆောင်မှုမှာ အမျိုးအစားနှစ်ခုရှိပါတယ်။ တစ်ခုကတော့ အခမဲ့ဖြစ်ပြီး pro version တော့ တစ်လကို ၄.၉၉ဒေါ်လာဖြစ်ပြီး တစ်နှစ်ဆိုရင်တော့ ၃၉.၉၉ဒေါ်လာဖြစ်ပြီး universal copy and paste ကို သုံးနိုင်မှာပါ။ ပြီးတော့လည်း သိမ်းဆည်းထားနိုင်မှုများလာပြီး ဖိုင်ပို့နိုင်တဲ့ကန့်သတ်ချက်တွေလည်း နည်းသွားနိုင်ပါတယ်။ အခမဲ့ဗားရှင်းမှာဆိုရင်တော့ သင်ဟာ 25MB အရွယ်ကိုသာ ပို့နိုင်မှာဖြစ်ပြီး 2GB အထိ သိမ်းဆည်းထားနိုင်မှာပါ။ လစဉ်ကြေးနဲ့ဆိုရင်တော့ 1GB အရွယ်အထိ ပို့နိုင်မှာဖြစ်ပြီးတော့ 100GB အထိ သိမ်းဆည်းထားနိုင်မှာပါ။ unlimited SMS messages တွေကိုလည်း ပို့နိုင်ဦးမှာနော်။ အခမဲ့ဆိုရင်တော့ တစ်လကို အစောင်၁၀၀ ပဲ ပို့နိုင်မှာပါ။
pro features မှာ ဆိုရင်တော့ WhatsApp ၊ Facebook Messenger ဒါမှမဟုတ် Allo messages တွေကို သင့်ရဲ့ကွန်ပျူတာကနေ ပို့နိုင်တော့မှာပါ။ ဘယ်ဗားရှင်းမှာပဲနေနေ AES-256 ကို အသုံးပြုပြီးတော့ end-to-end encryption အသုံးပြုထားခြင်းကို ခံစားနိုင်မှာပါ။
ဈေးနှုန်းနဲ့ ယှဉ်လိုက်ရင်တော့ ပေးထားတာက အတော်လေးကို များတယ်လို့ ဆိုနိုင်ပါတယ်။ အခမဲ့ဗားရှင်းကလည်း သာမန်သုံးစွဲသူတွေအတွက်တော့ စိတ်ဝင်စားဖွယ် ဖြစ်နိုင်ပါတယ်။

Join



Join ဟာလည်း Pushbullet နဲ့ ဆင်တူပါတယ်။ Tasker နဲ့ Google Assistant integration တွေလည်း ပါဝင်ထားပါတယ်။
end-to-end encryption ကိုလည်း ပေးထားပြီး သင့်ရဲ့ device ကိုလည်း အသံမြည်အောင်လုပ်ပြီးတော့ တည်နေရာကို သိအောင်လုပ်နိုင်ပါသေးတယ်။ Chrome extension ၊a Windows 10 native client နဲ့ Android app ဆိုပြီး အမျိုးမျိုး ရနိုင်ပါတယ်။
Pushbullet နဲ့ မတူတာကတော့ လစဉ်ကြေး၊ နှစ်စဉ်ကြေးတွေ မရှိပါဘူး။ တစ်ခါတည်းသာပေးသွင်းရမှာပါ။ ၄.၉၉ဒေါ်လာသွင်းလိုက်တာနဲ့ ပိုင်ဆိုင်ခွင့်ရပါပြီ။ သင့်အနေနဲ့ စမ်းကြည့်ချင်တယ်ဆိုရင်လည်း ရက်၃၀ စမ်းသပ်နိုင်ပါတယ်။

Syncthing



Syncthing ဆိုတာက Lenovo ရဲ့ ShareIt နဲ့ ဆင်တူပါတယ်။ Syncthing ဟာ open source framework နဲ့ သင့်ရဲ့အချက်အလက်တွေကို လုံခြုံအောင် encryption လုပ်ပေးထားပါတယ်။
Syncthing နဲ့ဆိုရင် server တစ်လုံးကို set up လုပ်ပြီးတော့ အခြားသောပစ္စည်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဥပမာ သင်ဟာ သင့်ရဲ့ဖုန်းပေါ်မှာ server တစ်လုံးကို run နိုင်ပါတယ်။ ပြီးတော့ အဲဒီ server ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဖိုင်တွေကို ပို့နိုင်ပါတယ်။ အကောင်းဆုံးကတော့ Syncthing ဟာ အခမဲ့သုံးနိုင်ပါတယ်။ သူ့ရဲ့ interface ဟာလည်း ကြော်ငြာတွေနဲ့ ပွစာကျဲမနေပါဘူး။ ၀န်ဆောင်မှုကို သုံးဖို့အတွက် အကောင့်မလိုအပ်ပါဘူး။ သူဟာ ပစ္စည်းတစ်ခုချင်းစီရဲ့ unique identifiers ကို အသုံးပြုထားပါတယ်။ သင်ချိတ်ဆက်ချင်တဲ့ ID နဲ့ ၀င်လိုက်တာနဲ့ သင့်ကို ဖိုင်တွေ အလွယ်တူပို့ခွင့်ရစေမှာပါ။

Cloud storage services


Cloud storage services ကတော့ Syncthing နဲ့ မတူပါဘူး။ သင့်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီးတော့ ၀န်ဆောင်မှုအမျိုးမျိုးကို ယူသုံးနိုင်ပါတယ်။ Dropbox ၊ Google Drive ၊ Box ၊ OneDrive စတာတွေမျိုးပေါ့။ ၀န်ဆောင်မှုတစ်ခုချင်းစီဟာ အခမဲ့ဖြစ်ပြီးတော့ သက်ဆိုင်ရာ သိမ်းဆည်းမှုပမာဏကို ပေးထားပါတယ်။ အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးလိုက်ပါ။
အခမဲ့ Dropbox အကောင့်ကတော့ 2GB storage ဖြစ်ပြီး Dropbox Pro ကတော့ 1TB ရနိုင်မှာဖြစ်သလို တစ်လကို ၉.၉၉ဒေါ်လာ သို့မဟုတ် တစ်နှစ်ကို ၉၉.၉၉ဒေါ်လာ ဖြစ်ပါတယ်။ Google Drive မှာ 15GB cloud storage အခမဲ့ရနိုင်သလို တစ်လကို ၁.၉၉ ဒေါ်လာ သို့မဟုတ် တစ်နှစ်ကို ၁၉.၉၉ ဒေါ်လာနဲ့ 100GB  အထိ တိုးနိုင်ပါတယ်။ ပိုပြီးတော့ လိုချင်သေးရင် တစ်လကို ၉.၉၉ဒေါ်လာ သို့မဟုတ် တစ်နှစ်ကို ၉၉.၉၉ဒေါ်လာနဲ့ 1TB အထိ သုံးနိုင်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ဝန်ဆောင်မှုတွေကတော့ Windows အတွက် native clients ကောင်းကောင်းရှိသလို Android အတွက်လည်း feature စုံလင်ပါတယ်။ တကယ်လို့ သင်ဟာ device များများမှာ ပို့ချင်တယ်ဆိုရင်တော့ public cloud storage ၀န်ဆောင်မှုကတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Comments