Appleက လက်ဗွေစနစ် နည်းပညာအသစ်ကို usရဲ့ ကုန်ပစ္စည်းအသစ်အတွက် မူပိုင်ခွင့်ပြုလုပ်ခဲ့ပြီးဖြစ်တယ်။ ထို မူပိုင်ခွင့်ကို “Interative display panel with IR diodes”လို့ နာမည်ပေးထားပီး ၂၀၁၄ခုနှစ်ကတည်းက ပြသခဲ့တာဖြစ်ပြီး AppleInsiderမှာ ပထမဆုံးအသုံးပြုခဲ့တယ်။
မူပိုင်ခွင့်အရ ယင်းနည်းပညာကို iphone မျက်နှာပြင်အောက်ခြေမှာပါတဲ့ ခလုတ်မှာ အစားထိုးအသုံးပြုသွားမှာဖြစ်ပါတယ်။ မူလ home buttonအစား လက်ဗွေစနစ်ခလုတ် ပါရှိမှာဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ home screen ကိုဖွင့်ရန် လက်ဗွေစနစ်ခလုတ်ကနေ ဖွင့်ပီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ယင်းနည်းပညာကို ၂၀၁၄တွင် Appleကဆည်းပူးခဲ့ပြီး LuxVueက တီထွင်ခဲ့ခြင်းဖြစ်တယ်။ မူပိုင်ခွင့်ကိုတော့ နောက်ပိုင်းမှ Apple ကရရှိခဲ့ခြင်းဖြစ်တယ်။
Iphone ဟာ ios ရဲ့ home screenကို ပြန်ရောက်တဲ့ home keyနဲ့ ၂၀၁၇မှာ ပွဲဦးထွက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃မှာတော့ appleက ဖုန်းဖွင့်လို့ရတဲ့ လက်ဗွေစနစ်ပါရှိတဲ့ Home keyကိုသုံးခဲ့ပါတယ်။ ဒါ့အပြင် မနေ့တနေ့ကဘဲ Apple ရဲ့နောက်ထွက်မဲ့ iphone 8မှာ iris scannerပါရှိမယ်လို့ လည်းထုတ်ပြန်ထားပါတယ်။ Appleရဲ့ ဆယ်စုနှစ်အထိမ်းအမှတ် (10th anniversary)အနေနှင့်နောက်ထွက်လာမည့် iphone 8 ဟာ ကြီးမားတဲ့ ဒီဇိုင်းပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ လည်းမျှော်လင့်ရပါတယ်။
Comments
Post a Comment