ထိုင်ဝမ်အခြေစိုက်အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူ asus ရဲ့မျိုးဆက်သစ်စမတ်ဖုန်းတလုံးကို ပြည်တွင်းဈေးကွက်မှာမ ကြာခင် ရောင်းချပါတော့မယ်။ Zenfone Go TVလို့ခေါ်တွင်ပြီး 2016 ခုနှစ်ကရောင်းချပေးခဲ့တဲ့ Zenfone Goရဲ့ဒုတိယမျိုးဆက်ပဲဖြစ်ပါတယ်။ မျက်နှာပြင် 5.5လက်မနဲ့ဖြစ်ပြီး ဈေးနှုန်းကလည်း 1သိန်6းသောင်းဝန်းကျင်သာရှိမှာဖြစ်ပါတယ်။ သူ့မှာပါဝင်တဲ့ အဓိကအားသာချက်က တော့ ရုပ်သံလိုင်းတွေကိုဖမ်းယူကြည့်ရှုနိုင်တာပါ။ ကင်မရာအတွက်ကိုလည်း ရုပ်ထွက်ကောင်းမွန်တဲ့ ပုံရိပ်တွေရရှိနိုင်မယ့် 13MPနောက် ကျော်ဘက်ကင်မရာနဲ့အတူ အရှေ့ဘက်မှာတော့ 5MPကင်မရာတပ်ဆင်ပေးထားပါတယ်။ Dual-sim ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ပြည်တွင်းဈေးကွက်မှာရောင်းချတဲ့အခါမှာတော့ တယ်လီနောရဲ့အင်တာနက်500MBကို3လအခမဲ့သုံးစွဲနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဒစ်ဂျစ်တယ်တီဗီစနစ်ပါရှိတယ်ဆိုပေမယ့် အခပေးရုပ်သံလိုင်းတွေကိုတော့ ဖမ်းယူလို့ရနိုင်မှာမဟုတ်ပါဘူး။ asus ရဲ့စမ်းသပ်ချက်တွေအရ TVလိုင်းဖမ်းယူမှုမှာ ထပ်ဆင့်လွှင့်စက်ရုံတွေရဲ့ထုတ်လွှင့်တဲ့လှိုင်းအခြေအနေပေါ်မူတည်ပြီးတော့ လိုင်းအတက်အကျရှိနိုင်မှာပါ။ မြန်မာ နိုင်ငံရဲ့မြို့ကြီးတွေမှာ စမ်းသပ်ချက်အရတော့ ရန်ကုန်၊မန္တလေး၊နေပြည်တော်နဲ့မော်လမြိုင်မြို့တွေမှာ အလွယ်တကူဖမ်းယူကြည့်ရှုနိုင်ပါ လိမ့်မယ်။ စမတ်ဖုန်းတလုံးကို portable TVအနေနဲ့အသုံးပြုနိုင်မှာဖြစ်ပြီး zen UIရဲ့လုပ်ဆောင်ချက်တွေကိုပါ စမ်းသပ်နိုင်ပါလိမ့်မယ်။ ဒါကြောင့်Zenfone GO TVနဲ့ပတ်သတ်တဲ့စွမ်းဆောင်ချက်တွေနဲ့ လက်တွေ့စမ်းသပ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
First Impressions
Built-in Digital TV
ဖျော်ဖြေရေးဆိုင်ရာနဲ့ပတ်သတ်ပြီးခံစားရရှိလို့သူတွေအတွက် ပေါ့ပါးစွာသယ်ဆောင်သွားနိုင်မယ့် TVလေးလိုဖြစ်နေမှာပါ။ ဘာကြောင့်လဲ ဆိုရင် ဖုန်းမှာdigital ရုပ်သံလိုင်းတွေကိုဖမ်းယူကြည့်ရှုနိုင်စေဖို့အတွက် Solo TVဆိုတဲ့ appလေးကိုbuilt-inထည့်သွင်းပေးထားလို့ပါ။ လိုင်းတွေကိုဖမ်းယူကြည့်နိုင်စေဖို့အတွက် antenna adapter တခုပါဝင်လာမှာပါ။ အင်တာနာလေးလေးကို ဖုန်းရဲ့အပေါ်ဘက်မှာရှိတဲ့ 3.5mm audio ပေါက်မှာတပ်ဆင်ပြီးတော့ မိမိကြည့်ရှုချင်တဲ့ရုပ်သံလိုင်းတွေကို ဖမ်းရမှာပါ။ နိုင်ငံပေါင်း41ခုမှာရှိတဲ့ DTV channel တွေကိုဖမ်းယူနိုင်မှာဖြစ်ပါတယ်။ အသံလွှင့်ရာဒေသလှိုင်းအလျားပေါ်မူတည်ပြီးတော့ ကြည်လင်စွာဖမ်းမိနိုင်ခြင်းရှိ၊မရှိတော့ ကွာခြားနိုင်ပါ တယ်။ ဖုန်းမှာပါရှိတဲ့ solo TVကိုဖွင့်လိုက်တာနဲ့နိုင်ငံတွေကိုရွေးချယ်နိုင်မှာပါ။ DVB-Tနဲ့ DVB-T2ဆိုပြီးရွေးချယ်နိုင်ပါလိမ့်မယ်။ scanပြုလုပ်လိုက်တာနဲ့ လိုင်းတွေကိုဖမ်းပေးပါလိမ့်မယ်။ အခမဲ့ရုပ်သံလိုင်းတွေကိုသာ သီးသန့်ကြည့်ရှုလို့ရနိုင်မှာပါ။
No Data, No Congestion
အွန်လိုင်းအသုံးပြုပြီး ရုပ်သံလိုင်းတွေကြည့်ရှုတာကတကယ်ကိုခေတ်စားလာခဲ့ပါပြီ။ စမတ်ဖုန်းအသုံးပြုသူတွေဟာ YouTubeနဲ့ video streaming websiteတွေကိုအသုံးပြုပြီး မိမိကြည့်လိုတဲ့ သီချင်း၊ရုပ်ရှင်တွေကိုကြည့်ရှုနေကြပါတယ်။ သေးငယ်စမတ်ဖုန်းမျက်နှာပြင်ပေါ် မှာ ကြည်လင်တဲ့ရုပ်သံလိုင်းတွေကြည့်ရှုရတာဟာ တကယ်TVပေါ်မှာကြည့်နေရသလို ခံစားမှုကိုရရှိပါတယ်။ အခုတော့ asusရဲ့ zenfone Goကြောင့်ရုပ်သံလိုင်းတွေကို Mobile data မကုန်ပဲနဲ့ကြည့်နိုင်တော့မှာပါ။ 11နာရီနီးပါးဘက်ထရီသက်တမ်းခံနိုင်စွမ်းလည်းရှိမှာဖြစ်တာ ကြောင့် TV channelတွေကိုအချိန်ကြာကြာ ကြည့်နိုင်ပါလိမ့်မယ်။ Zenfone GO TVသုံးတဲ့သူတွေအနေနဲ့ Local free-to-air ရုပ်သံလိုင်း တွေကိုအင်တာနက်ကွန်ရက်မလိုအပ်ပဲ အင်တာနာကြိုးလေးကိုအသုံးပြုပြီး ကြည့်နိုင်ပါလိ့မ်မယ်။ အိုလံပစ်ဂိမ်းလိုကစားပွဲ၊နယူးရီးယား countdownတွေ ထစ်ငေါ့မနေနဲ့ ကြည့်နိုင်ပါလိမ့်မယ်။ channel scan လုပ်ပြီးသုံးစွဲသူနှစ်သက်တဲ့လိုင်းကို ရွေးချယ်ကြည့်နိုင်မှာပါ။ ဘယ်လိုနိုင်ငံမျိုးမှာမဆို DVB-T2/T2-Lite, DVB-Tနဲ့လွှင့်တဲ့လိုင်းတွေဖမ်းယူနိုင်မှာပါ။
Camera
ကင်မရာပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့ 13MPနောက်ကျောဘက်ကင်မရာဟာ f/2.0ဖြစ်တာကြောင့် ပုံရိပ်တွေကို ပြင်ပအရောင်အ တိုင်းသွက်လက်စွာရိုက်ကူးနိုင်ပါလိမ့်မယ်။ TriTech autofocus နည်းပညာသည် မည်သည့် အခြေအနေတွင်မဆိုပုံရိပ်များ ကိုအကောင်းဆုံး၊ အကြည်လင်ဆုံးရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ လျှင်မြန်စွာဖြင့် ပုံရိပ်ဖမ်းယူနိုင်မှုကိုအချို့သောhigh-end phonesများတွင်သာတွေ့နိုင်တယ်။ triple technology အလိုအလျောက်မြင်ကွင်းချိန်ဆမှုစနစ်ပေါင်းစပ်ပေးထားပါတယ်။ မျိုးဆက်သစ်လေဆာနည်းပညာနှင့်အတူ အလင်းရောင်ရရှိမှုအားနည်းသောပတ်ဝန်းကျင်အနေအထားတွင်ပင် 0.03စက္ကန့်နှင့် လျင်လျင်မြန်မြန်ကောင်း မွန်စွာရိုက်ကူးနိုင်ပါလိမ့်မယ်။ Super Resolution Mode ကိုအသုံးပြုပြီ6း4 MP ဓာတ်ပုံများကိုအထူးအရည်း အသွေးကောင်းမွန်စွာဖြင့်ဖန်တီးရိုက်ကူးနိုင်ပါသည်။ အရှေ့ဘက်selfieကင်မရာငယ်ကတော့ 5MPရှိမှာဖြစ်ပြီး ASUS PixelEnhancing နည်းပညာကိုထည့်သွင်းပေးထားတာကြောင့် အမှောင်ထဲမှာဓာတ်ပုံရိုက်တဲ့အခါ 400ရာခိုင်နှုန်းနီးပါးလောက်တောက်ပမှုကို ပေးစွမ်းပါလိမ့်မယ်။ Low Light mode,Night mode,Selfie mode, Photo Effects, Time Lapseတွေကိုပါ အရှေ့ဘက်ကင်မရာငယ် ကနေသုံးစွဲနိုင်ပါလိမ့်မယ်။
ZenUI
Zenfone Goသုံးတဲ့သူတွေဟာ သပ်ရပ်တဲ့ဒီဇိုင်းနဲ့ ZenUIကိုလည်းသုံးစွဲနိုင်ပါလိမ့်မယ်။ ဖုန်း ၏ lock screen မှနေ၍ နေပူခြင်း၊ မိုးရွာခြင်းအစရှိသောရာသီဥတုအခြေအနေများကိုအချိန်နှင့် တပြေးညီသိရှိနိုင်မှာပါ။ ZenUI Theme စတိုးမှ များလှစွာ သောthemes များကိုရယူပြီးအလှဆင်နိုင်သလိုthemeများမှနေ၍ သင့်စိတ်ကြိုက် (wallpapers / icons / lock screen) တစ်ခုခြင်းစီကိုလည်းပေါင်းစပ် ပြီးတော့ ဖန်တီးနိုင်မှာပါ။ အလိုမရှိသောNotificationများကိုသင့်စိတ်ကြိုက် ပြုပြင်ဖန်တီးနိုင်တဲ့အပြင် အသုံးမလိုသည်များ ကိုရှင်းလင်း နိုင်သည့်Cleanupကိုသုံးစွဲနိုင်ပါလိမ့်။ ZenMotion Touch Gesture ကိုအသုံးပြုပြီးတော့ blank screenတွင်စာလုံးလေးများ ကိုလက်ဖြင့်ရေးသားလိုက်ရုံဖြင့် app များကိုလျင်လျင်မြန်မြန်ဖြင့်ရိုးရှင်းစွာဖွင့်လှစ်အသုံးပြုနိုင်မှာပါ။ App,battery,memory, data တွေကိုတော့ asus mobile managerကိုအသုံးပြုပြီးတော့ စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ App lock လုပ်ဆောင်ချက်ထည့် သွင်းပေးထားတာကြောင့် အခြားသူတွေကိုမိမိမသုံးစေချင်တဲ့ appတွေကိုလည်းပိတ်ထားနိုင်ပါလိမ့်မယ်။
Verdict
Comments
Post a Comment