ဖုန်းမှာအသုံးပြုထားတဲ့ battery လေးတွေမှာ သုံးငုတ်ပါတာရယ်၊လေးငုတ်ပါတာရယ်
ဆိုပြီး အကျမ်းအားဖြင့်နှစ်မျိုးတွေ့ ရမှာပါ။ lithium battery တွေမှာ အဓိက လျှပ်စီးကြောင်း
အဖြစ် Anode နဲ့ Cathode အစနှစ်ခုပါပါတယ်။အထဲမှာ electronic circuit လေးတစ်ခုထည့်သွင်းထားပြီး သုံးငုတ်ပါတဲ့ကောင်က အလယ်ငုတ်ကို
battery temperature ကို ထိန်းပေးဖို့  ပါဝါအိုင်စီ ထံပို့ ပေးတဲ့ငုတ်လေးပါ။
ဘေးနှစ်ဖက်ကတော့ V+ & V – အဖြစ်မြင်တွေ့ ရမှာပါ။
လေးငုတ်ပါတဲ့ battery တွေကတော့ battery id လမ်းကြောင်းအဖြစ် CPU ကိုပို့ ထားတဲ့
လမ်းကြောင်းတစ်ခုအပိုပါလာပါတယ်။ ID code ကိုပို့ ပေးတဲ့လမ်းကြောင်းပါ။
ဒီလမ်းကြောင်းကနေတစ်ဆင့် battery ရှိမရှိစစ်ဆေးခြင်း၊ % ပမာန တွက်ချက်ခြင်းတွေကို
လုပ်ပေးပါတယ်။နောက်ပိုင်းဝင်လာတဲ့ဖုန်းအတော်များများမှာ လေးငုတ် ပါတဲ့စနစ်ကို
အသုံးပြုကြပါတယ်။ အားပိုမိုသွင်းမိခြင်းကြောင့် battery ဖောင်းပြီးပျက်စီးခြင်းလျှော့နည်း
သွားပါတယ်။သို့ သော် ၄င်း id လမ်းကြောင်း၊ temp လမ်းကြောင်းပေါ်မှာ အာရုံခံတတ်ဆင်ထားတဲ့ thermistor လေးများ၊ resistor လေးများ ၊ esd protector
diode လေးများ ပျက်စီးတဲ့အခါ ဖုန်းရဲ့ အားသွင်းတဲ့စနစ် ၊battery အသုံးပြုမှုစနစ်တွေမှာ
error လေးတွေတက်လာတတ်ပါတယ်။ဒါကြောင့် battery ရဲ့ ငုတ်သုံးခုဖြစ်တဲ့
V+ ,ID, TEMP လမ်းကြောင်းလေးတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်ပါ။
V- ကတော့ ground လမ်းကြောင်းဖြစ်လို့ လောလောဆယ် ထားခဲ့ပါမယ်။
V+ လမ်းကြောင်းကို Diagram တွေမှာ VBAT လို့ သုံးကြပါတယ်။
၎င်းလမ်းကြောင်းဟာ battery connector ရဲ့ အပေါင်းဗို့  လိုင်း အခြေကစပြီး ဖုန်းဆားကစ်
ပတ်လမ်းတစ်လျှောက် အပိုင်းကဏ္ဍ မျိုးစုံ သွားထားပါတယ်။ အကျမ်းအားဖြင့်
power section ,network section, dc to dc အပိုင်းလေးတွေကို တိုက်ရိုက်ပေးသွင်း
ထားပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးပါဝါမလာရင် ပါဝါအိုင်စီကိုပဲ လက်ညှိးထိုးလို့ မရပါဘူး
battery အပေါင်းလိုင်းရောက်နိင်တဲ့နေရာမှန်သမျှ ဟာ ရှော့ဖြစ်နိင်တဲ့စာရင်းထဲမှာပါနေပါတယ်။ဒါဆိုရင် battery အပေါင်းဗို့ ရောက်နိင်မယ့်နေရာတွေ ဘယ်လိုရှာကြမလဲ။ diagram ၇ှိတဲ့ မော်ဒယ်ကတော့
diagram ထဲမှာရှာလို့ ရတာပေါ့။ မရှိတဲ့ မော်ဒယ်ကြတော့ 1A စပလိုင်းရှိရင် ဖြစ်ပါတယ်။
စပလိုင်းမှာ 3.7V လောက်ထားပြီး test mode ဖက်ကိုရွှေ့  ထားလိုက်ပါ။ ဗို့ တိုင်းမဲ့ မီတာတံကို အသုံးပြုပြီး ကွန်ဒင်ဆာ လေးတွေရဲ့ ထိပ်ကို လိုက်ထောက်ကြည့်ပါ။
ပေးသွင်းဗို့ အတိုင်းပြန်ပြနေတဲ့ နေရာတိုင်းဟာ battery အပေါင်းဗို့ ရောက်တဲ့နေရာတွေပါပဲ။ထိုနည်းတူ မိမိထောက်ခဲ့တဲ့ “C” လေးတွေဟာ ရှော့ဖြစ်နိင်တဲ့ အနေအထားမှာရှိတဲ့အတွက် မှတ်သားထားသင့်ပါတယ်။
Comments
Post a Comment