Blackberry KEYone


Blackberry က KEYone လို့အမည်ပေးထားတဲ့ Android OS သုံး Blackberry စမတ်ဖုန်းသစ်ကိုမိတ်ဆက်ပြသလိုက်ပါပြီ ။ ဒီဖုန်းမှာတော့ အောင်မြင်ကျော်ကြားခဲ့ဖူးတဲ့ Blackberry စမတ်ဖုန်းတို့ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ Physical QWERTY keyboard ကို Touchscreen နဲ့တွဲဖက်၍ပြန်လည်ထည့်သွင်းပေးထားခြင်းက ဖုန်းကိုထူးခြားဆန်းသစ်သွားစေပါတယ်။ Blackberry KEYone စမတ်ဖုန်းရဲ့အဓိကထူးခြားချက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Blackberry KEYone မှာပါတဲ့ Physical keyboard ကစာရိုက်လို့ရရုံပဲလား ?
– Physical ကီးဘုတ်ထည့်ပေးထားခြင်းက စာရိုက်ဖို့သက်သက်အတွက်တင်မဟုတ်ပါဘူး ။ ကီးဘုတ်မျက်နှာပြင်တစ်ခုလုံးကို Touchpad အနေနဲ့လည်းတို့ထိအသုံးပြုနိုင်တာကြောင့် Screen ကိုအထက်အောက် scroll ဆွဲခြင်း ၊ text suggestion များကို လျင်မြန်စွာ swipe လုပ်ရွေးချယ်နိုင်ခြင်းစတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။
– Physical QWERTY ကီးဘုတ်ပေါ်က စာလုံးတစ်လုံးချင်းဆီကို long press ဖိထားပြီး ကိုယ်အမြဲအသုံးပြုလေ့ရှိတဲ့ app တွေကို shortcut ထားနိုင်အောင်ပြုလုပ်ပေးထားပါတယ် ။ (ဥပမာ – F key ကိုဖိထားလိုက်ရင် facebook app ကိုတိုက်ရိုက်ဖွင့်ပေးတာမျိုး) ။ shortcut ပေါင်း ၅၂ ခုထိသတ်မှတ်ပေးနိုင်ပါတယ်။
– ကီးဘုတ်နဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားတာလေးကတော့ Fingerprint Sensor ကိုဖုန်းရဲ့နောက်ကျောမှာနေရာသပ်သပ်ပေးထားတာမျိုးမဟုတ်ဘဲ Physical QWERTY keyboard ရဲ့ spacebar ထဲမှာထည့်သွင်းပေးထားတာပါ ။ ဖုန်းကို Screen lock & off လုပ်ထားတဲ့အခြေအနေမှာ spacebar ပေါ်ကို Fingerprint သတ်မှတ်ထားတဲ့လက်ချောင်းတင်လိုက်တာနဲ့ Home Screen ကိုတန်းဖွင့်ပေးပါတယ်။ 


Blackberry KEYone စမတ်ဖုန်းကိုဘယ်သူတွေကိုင်သင့်လဲ ?
– ဒီစမတ်ဖုန်းကို Security ပိုင်းအတွက်အထူးပြုထုတ်လုပ်ပေးထားတာပါ ။ ဒီဖုန်းထဲကအချက်အလက်တွေ hack ဖို့ ၊ ဖုန်းရဲ့ security ကိုဖောက်ဖို့မဖြစ်နိုင်သလောက်ကိုခက်ခဲပါမယ် ။ လစဉ်လည်း Security update တွေဖုန်းထဲကနေတိုက်ရိုက်ပြုလုပ်နိုင်ပါမယ် ။
– ဖုန်းရဲ့ Security ပိုင်းနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုတွေကိုစီမံခန့်ခွဲဖို့ Blackberry ရဲ့အထူးလုံခြုံရေးစနစ် app ဖြစ်တဲ့ DTEK ကိုထည့်သွင်းပေးထားပါတယ် ။ လူငယ်တွေထက် လူကြီးပိုင်းတွေပိုမိုကြိုက်နှစ်သက်ကြမယ့် ဖုန်းဖြစ်ပါတယ်။

ဘက်ထရီပိုင်းကြာရှည်ခံမှုနဲ့အားသွင်းမြန်မှု?
– ဘက်ထရီအားကြာရှည်စွာအသုံးပြုနိုင်စေဖို့ Power အားသုံးစွဲမှုကိုအထူးလျှော့ချပေးနိုင်တဲ့ Snapdragon ရဲ့ 625 Processorကိုအသုံးပြုထားပါတယ် ။
– အားအမြန်သွင်းစနစ် quickcharge 3.0 လည်းပါဝင်ပြီး ၃၆ မိနစ်အတွင်း ၅၀% ထိရောက်အောင်အားသွင်းပေးနိုင်ပါတယ် ။
– 3505 mAh Battery ကိုအသုံးပြုထားတာကြောင့် ဘက်ထရီပမာဏကလည်းကြီးမားပြီး Snapdragon 625 Processor နဲ့တွဲဖက်လိုက်တဲ့အခါ ဘက်ထရီအားကိုပိုမိုကြာရှည်ခံသွားစေပါတယ် ။Blackberry KEYONE စမတ်ဖုန်းမှာ System ပိုင်းအနေနဲ့ Android 7.0 Nougat ကိုအသုံးပြုထားပြီး RAM 3Gb , Internal Storage အနေနဲ့ 32GB ပါဝင်ပါတယ် ။ ကင်မရာပိုင်းအနေနဲ့ Primary Camera – 12MP , Front Camera- 8MP ဖြစ်ပြီး 4K video များကိုလည်းရိုက်ကူးနိုင်ပါတယ်။ ဖုန်းရဲ့ကိုယ်ထည်ဘေးဘောင်အနေနဲ့ aluminum frame ကိုအသုံးပြုထားပြီး Screen ကိုတော့ Gorilla Glass 4 မှန်နဲ့ဖုံးအုပ်ထားပါတယ်။




Blackberry KEYone နဲ့ပတ်သက်တဲ့အချက်အလက်အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာနိုင်ပါတယ်။

### Credit Myanmar Mobile App...###

Comments