စမတ်ဖုန်းတစ်လုံးရဲ့ အသေးစိတ်အချက်အလက်များ


စမတ်ဖုန်းတစ်လုံးကိုဝယ်တော့မယ်ဆိုရင် ဘာကိုရွေးရမလဲဆိုတာကို စဉ်းစားရတာတော်တော်တော့ခေါင်းစားပါတယ်။ brand ပေါင်းများစွာထဲကနေရွေးရမယ်ဆိုရင် တချို့ဖုန်းမော်ဒယ်လ်တွေက အတွင်းပိုင်းမှာ နည်းပညာပိုင်းတော်တော်ကောင်းမွန်ပြီး specs စာရင်းမှာလည်း အခေါ်အဝေါ်တွေတော်တော်ရှုပ်ထွေးတာကို တွေ့ရမှာပါ။ ဖုန်းကုမ္ပဏီတွေကတော့ ၄င်းတို့ရဲ့စမတ်ဖုန်းတွေမှာသုံးမယ့် ဆော့ဖ်ဝဲတွေအပြင် နာမည်တွေကိုလည်း အမိုက်စားဖြစ်အောင် အာရုံစိုက်ကြပါတယ်။ အခုအောက်မှာဖော်ပြမှာကတော့ သင့်ရဲ့စမတ်ဖုန်းကို တကယ်စမတ်ကျစေနိုင်တာက ဘယ်အချက်တွေလဲဆိုတာနဲ့ SoC အကြောင်းကိုလည်း နည်းနည်းနားလည်အောင်ရှင်းပြပေးမှာဖြစ်ပါတယ်။
SoC (System on a Chip) or Chipset ဆိုတာဘာလဲ?
ဆဲလ်ဖုန်းတစ်လုံးကနေ စွမ်းဆောင်ရည်ပြည့်ကွန်ပျူတာတွေထွက်လာခဲ့တဲ့တစ်လျှောက်ကို ကြည့်လိုက်ရင် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ တစ်ကိုယ်ရည်သုံးကွန်ပျူတာတစ်လုံး(PC) တစ်လုံးမှာပါဝင်တဲ့အရေးကြီးအစိတ်အပိုင်းတွေကို သေးငယ်တဲ့နေရာလေးမှာ တတ်နိုင်သလောက် ပြွှတ်သိပ်ထည့်ဖို့နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ရပါတယ်။ ဒါကြောင့်ပဲ SoC ဆိုတဲ့ System on a Chip ဆိုတာလေးပေါ်ပေါက်လာခဲ့တာပါ။ ဒီ chip ပြားလေးက သင့်ဖုန်း(သို့မဟုတ်) tablet စတာတွေရဲ့ စွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးနိုင်မှာဖြစ်ပြီး ဘယ်လို hardware အမျိုးအစား(ဥပမာ-ကင်မရာ၊ display resolution၊ USB 3.0 or 2.0, Bluetooth ဗားရှင်းအစရှိတာတွေ)ကို ထောက်ပံ့ပေး လက်ခံပေးမှာလဲဆိုတာကိုလည်း သူကပဲဆုံးဖြတ်မှာပါ။ မတူညီတဲ့ ထုတ်လုပ်သူတွေကြားမှာ SoC တွေကွာသွားပေမယ့် အကုန်လုံးမှာတော့ အနည်းဆုံးဒီအစိတ်အပိုင်းတွေပါဝင်ပါတယ်။
CPU
CPU လို့ခေါ်ကြတဲ့ Central Processing Unit ဟာ စမတ်ဖုန်းတစ်လုံးကို အဓိကအလုပ်လုပ်ပေးနိုင်တဲ့ “ဦးနှောက်” လို့ဆိုရမှာပါ။ အခုနောက်ဆုံးပေါ် ပရိုဆက်ဆာတွေမှာတော့ core တွေအများကြီးရှိပြီး အများဆုံးဆိုတဲ့ ပရိုဆက်ဆာမှာတော့ core စုစုပေါင်း ၁၀ ခုကျော်ရှိပါတယ်။
GPU
GPU လို့ခေါ်တဲ့ The Graphics Processing Unit တွေဟာ 3D ဂိမ်းတွေအတွက်သာအရေးပါတယ်လို့ ပြောခဲ့တဲ့ခေတ်က ကျန်နေခဲ့ပါပြီ။ ဖုန်းတစ်လုံးမှာ CPU ဆိုတာအရေးကြီးသလိုမျိုး GPU ကလည်း အရေးကြီးပါတယ်။ GPU က သင့်ဖုန်းရဲ့ operating system (OS) ကို လှပတဲ့ animation တွေနဲ့ဆွဲဆောင်မှုရှိစေမှာဖြစ်ပြီး ရုပ်သံပိုင်းကိုလည်း ထောက်ပံ့ပေးထားတဲ့ အဓိကအပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ GPU မှာတော့ CPU ထက် core အရေအတွက်ပိုများများပါဝင်ပြီး CPU ထက် နည်းနည်းပိုသာအောင်လုပ်ဆောင်နိုင်ပါတယ်။
Memory
RAM လို့ခေါ်တဲ့ Random Access Memory ကတော့ မကြာသေးခင်ကသုံးထားတဲ့ instruction တွေ လုပ်ဆောင်ချက်တွေကို နောက်တစ်ခါပြန်ဝင်သုံးတဲ့အခါမှာ ပိုမြန်အောင် ခေတ္တသိမ်းပေးထားတဲ့နေရာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ RAM ပိုများလေလေ သုံးရတဲ့ speed ကလည်း ပိုမြန်လေလေဖြစ်ပါတယ်။
Northbridge
သူကတော့ CPU နဲ့ chip ပြားရဲ့ကျန်တဲ့အပိုင်းတွေကို ကြားထဲကဆက်ပေးထားတဲ့အရာတစ်ခုပါပဲ။
Southbridge
အသံတွေ USB အစရှိတာတွေအပါအဝင် input/ output (အသွင်း၊အထုတ်) function တွေကိုတော့ southbridge က ထိန်းချုပ်ပေးထားတာဖြစ်ပါတယ်။
ထုတ်လုပ်သူတချို့က သူတို့ရဲ့ SoC တွေမှာ အပေါ်မှာဖော်ပြထားတာတွေအပြင် နောက်ထပ်အပိုအစိတ်အပိုင်းအနည်းငယ်ကိုလည်း ထပ်ထည့်ထားကြပါသေးတယ်။ ဥပမာ- Qualcomm ဆိုရင် သူတို့ရဲ့ SoC တချို့မှာ modems တွေ(cellular radios တွေ၊ Bluetooth နဲ့ Wi-Fi) တွေကိုပါ ထပ်ထည့်လာခဲ့ပါပြီ။
……အခု CPU နဲ့ GPU တို့အေ
ကြာင်းကို အသေးစိတ်သွားကြည့်ရအောင်။…….

CPU

ပရိုဆက်ဆာတစ်လုံးတည်းနဲ့ဆိုရင် အားလုံးကို ရိုးရိုးရှင်းရှင်းနဲ့ ကောင်းကောင်းလုပ်ဆောင်ပါတယ်။ ဒါပေမယ့် clock speed 3 GHz ရှိတဲ့ ပရိုဆက်ဆာတစ်လုံးကတော့ 2.5 GHz သာရှိတဲ့ ပရိုဆက်ဆာထက်ပိုမြန်မြန်လုပ်ဆောင်နိုင်မယ်ဆိုတာ ကျိန်းသေပါပဲ။ အခုလက်ရှိ CPU တွေထဲမှာတော့ သေချာနေရာတကျပုံစံချထားတဲ့ processing unit တွေများများပါဝင်လာပြီး တစ်ခုချင်းစီကို core လို့ခေါ်ပါတယ်။ core တွေများတဲ့အတွက် ပရိုဆက်ဆာဟာ အလုပ်တွေအများကြီးကို တစ်ခုပြီးမှတစ်ခုစောင့်စရာမလိုဘဲ တပြိုင်တည်းအလုပ်လုပ်လာနိုင်ပါတယ်။ core တစ်ခုချင်းစီကလည်း CPU တစ်ခုအနေနဲ့ အဓိကလုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ပါတယ်။ ဒီနေရာမှာ clock speed 2.5 GHz နဲ့ core ၄ခုပါတဲ့ quad-core ပရိုဆက်ဆာက clock speed 3GHz နဲ့ core ၂ခုပါတဲ့ dual-core ပရိုဆက်ဆာထက် ပိုကောင်းကောင်းလုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။
ဒါပေမယ့် core တွေအများကြီးပါတဲ့ ပရိုဆက်ဆာမှာ အဓိကမကောင်းတဲ့အချက် ၂ချက်ရှိပါတယ်။ တစ်ချက်က “အပူလွန်ကဲခြင်း”ဖြစ်ပြီး နောက်တစ်ချက်ကတော့ “ဘက်ထရီအားအရမ်းပိုကုန်ခြင်း” ဖြစ်ပါတယ်။ ဒါ အခုလတ်တလောဖုန်းတွေ ပစ္စည်းတွေမှာဖြစ်နေတဲ့ စိုးရိမ်စရာတစ်ခုပါပဲ။ ဒါကြောင့် နောက်ပိုင်းမှာဖြစ်လာတဲ့ပြဿနာတွေကို core ၂မျိုးသုံးပြီးဖြေရှင်းလိုက်ကြပါတယ်။ တစ်ခုကတော့ စွမ်းဆောင်ရည်သိပ်အပြည့်ကြီးမဟုတ်ဘဲ ဘက်ထရီကိုချွေတာတဲ့ core တွေဖြစ်ပြီး နောက်တစ်ခုကတော့ စွမ်းဆောင်ရည်အပြည့်နဲ့ ဘက်ထရီအားသိပ်ဦးစားမပေးထားတဲ့ core ဆိုပြီး ၂မျိုးဖြစ်သွားပါတယ်။
တစ်ခုမှတ်သားထိုက်တာကတော့ core ၂ ခုပါတဲ့ dual-core ပရိုဆက်ဆာက core ၁ခုတည်းပါတဲ့ single-core ပရိုဆက်ဆာထက် ၂ဆပိုမြန်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ chipset ရဲ့ကျန်တွေအပိုင်းတွေကတော့ instruction တွေကို အဲ့လောက်အမြန်နှုန်းပိုမလုပ်ဆောင်နိုင်ပါဘူး။ ဒါက အတားအဆီးတစ်ခုဖြစ်လာပြီး လုပ်ဆောင်ချက်တွေကိုပိုမြန်အောင် သေချာလုပ်ဆောင်နိုင်မှုကလည်း ၃၀%လောက်ထိရောက်အောင်ကိုကျသွားတာဖြစ်ပါတယ်။
Instruction Set Architecture
instruction set architecture လို့ဆိုလိုက်တာနဲ့ CPU တည်ဆောက်ပုံကြီးနဲ့ သွားမရောမိလိုက်ပါနဲ့။ instruction set တည်ဆောက်ပုံဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ ဆော့ဖ်ဝဲတွေက hardware နဲ့ ဘယ်လိုအပြန်အလှန်လုပ်ဆောင်နိုင်လဲဆိုတာကို ဆုံးဖြတ်ပေးမယ့် command အစုတစ်ခုပါပဲ။ လက်ရှိမှာတော့ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီအများစုက အောက်မှာဖော်ပြထားတဲ့ ၂မျိုးထဲက တစ်မျိုးကိုသုံးနေကြတာပါ။
ARM: 
ထုတ်လုပ်သူအများစုက လုပ်ဆောင်ချက်ကိုလည်း မလျော့ကျရအောင် ဘက်ထရီစားလည်းသက်သာအောင် ARM ကို ပိုအသားပေးအသုံးပြုကြပါတယ်။ ARM တွေကတော့ 32bit (Cortex-A7, Cortex-A17, Cortex-A32) နဲ့ 64bit core တွေ(Cortex-A57, Cortex-A72, Cortex-A73) နှစ်မျိုးလုံးရှိပါတယ်။ ဒါ့ပြင် ထုတ်လုပ်သူတွေက ARM architecture တွေကိုအခြေခံပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် chip ပြားတွေကိုထုတ်လုပ်နိုင်ဖို့ လိုင်စင်ယူပြီးထုတ်လို့ရပါတယ်။ ဥပမာ- Qualcomm ဆိုရင် သူတို့ရဲ့ကိုယ်ပိုင် Krait architecture နဲ့ သိပ်မကြာသေးခင်ကမှရထားတဲ့ Taipan architecture တွေကို သူတို့ရဲ့ ပရိုဆက်ဆာတွေမှာသုံးနေကြပါပြီ။

×86: ဒီ architecture ကိုတော့ Intel က သူတို့ရဲ့ SoC တွေအတွက်သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆဲလ်ဖုန်းထုတ်လုပ်သူတွေထဲမှာတော့ အဲ့လောက်ခေတ်မစား နာမည်မကြီးခဲ့ပါဘူး။ အဓိကကတော့ ဘက်ထရီပါဝါအရမ်းကုန်တာပါပဲ။ Intel Atom ဟာဆိုရင် ၂၀၁၆ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။
GPU
GPU ပိုင်းမှာထိပ်ဆုံးကရပ်တည်နိုင်ခဲ့တဲ့ ထုတ်လုပ်သူပေါင်းများစွာရှိနေပါတယ်။ ထိပ်သီးပိုင်းက ပြိုင်ပွဲဝင်တွေကတော့ 
*ARM Mali
*Qualcomm Adreno
*Imagination PowerVR
*NVidia GeForce

SoC ထုတ်လုပ်သူတွေထဲမှာထိပ်ကဦးဆောင်နေတဲ့သူကိုကြည့်လိုက်ရအောင်……
Qualcomm Snapdragon
အခုဆိုရင် brand တွေအများကြီးထဲကမှာ နာမည်အကြီးဆုံးဖြစ်နေပြီး ဆွဲဆောင်နိုင်အားကောင်းလွန်းတဲ့ chip တွေကိုလည်း နှစ်စဉ်နှစ်တိုင်းထွက်ရှိလာတာဖြစ်ပါတယ်။ နောက်ဆုံးထုတ်ပြီးထားတာကတော့ Snapdragon 835 ပါ။ သူကတော့ Kyro 280 octa-core CPU ဖြစ်ပြီး core ၄ခုက clock speed 2.5 GHz ဖြစ်ပြီးကျန်တာကိုတော့ clock-speed 1.8GHz ထားထားတာဖြစ်ပါတယ်။ ထွက်ခဲ့သမျှထဲမှာတော့ အသးဆုံးနဲ့စွမ်းဆောင်ရည်အမြင့်ဆုံး Snapdragon ပါပဲ။ Qualcomm ကနေ စွမ်းရည်ပိုကောင်းတဲ့ Adreno GPU, 32 MP ကင်မရာကို support ပေးနိုင်တာနဲ့ ပိုကောင်းလာတဲ့ 4G LTE modem တို့ကိုထွက်ရှိခဲ့ပြီးပါပြီ။ ၂၀၁၇ မှာတော့ LG G6, OnePlus 4 နဲ့ Galaxy S8 တို့မှာ juggernauts ကို run နိုင်မယ်လို့မှန်းထားပါတယ်။ ဈေးကွက်မှာရှိနေတဲ့တခြားနာမည်ကြီး chipset တွေကတော့ Snapdragon 820, Snapdragon 652, 650 နဲ့ 615 တို့ဖြစ်ပါတယ်။ Nokia 6 အသစ်မှာတော့ Snapdragon 430 chipset ကိုသုံးထားတာဖြစ်ပါတယ်။
MediaTek
သူကတော့ ဈေးသက်သာစွာရနိုင်တဲ့စမတ်ဖုန်းတွေအတွက် ဈေးသက်သက်သာသာထုတ်ပေးနေတဲ့ ထိုင်ဝမ်ကုမ္ပဏီတစ်ခုပါပဲ။ သူထုတ်လိုက်တဲ့ထဲမှာ တချို့ဟာတွေက ဈေးနှုန်းချင်းတူတဲ့ Snapdragon ပရိုဆက်ဆာတွေထက်ကိုအမှတ်ပိုကောင်းနေတာကိုတွေ့ရပါတယ်။ Meditek ကနေ နောက်ဆုံးပေါ် chip-set တွေကို Helio ဆိုတဲ့ brand အမည်နဲ့ထုတ်လုပ်နေတာဖြစ်ပါတယ်။ Mediatek ကတော့ သူတို့ရဲ့ GPU တွေကို ကိုယ်တိုင်ဒီဇိုင်းမဆွဲပါဘူး ။ အဲဒီအစား ARM Mali ဒါမှမဟုတ် PowerVR တွေကိုပဲသုံးကြပါတယ်။ Mediatek ကိုသုံးနေတဲ့ နာမည်ကြီးစမတ်ဖုန်းတွေကတော့ HTC One M9+ (Helio X10), Sony Xperia C4 နဲ့ Vivo X5 Max Platinum edition( 6752 chipset ) တို့ပဲဖြစ်ပါတယ်။
Samsung Exynos
သူ့ကိုတော့ Samsung ဖုန်း ပစ္စည်းတွေမှာသုံးပါတယ်။ဒါပေမယ့် တချို့နောက်ဆုံးထွက်ဖုန်းတွေကတော့ Snapdragon SoC တွေကိုသုံးထားပါတယ်။ တချို့ chipset တွေကတော့ PowerVR ကိုသုံးပေမယ့် အများဆုံးကတော့ ARM Mali GPU တွေကိုပဲသုံးတာများပါတယ်။
NVidia Tera
NVidia ဆိုတာကလည်း စွမ်းဆောင်ရည်ပြည့်ဝတဲ့ SoC တွေကိုကိုယ်တိုင်ထုတ်လုပ်နေတာဖြစ်ပေမယ့် သူတို့ကို ကန့်သတ်ထားတဲ့ပစ္စည်းအနည်းငယ်မှာပဲ ရနိုင်ပါတယ်။ Tegra X1 ကိုတော့ ၂၀၁၅ မှာထွက်ရှိခဲ့ပြီး big.LITTLE တည်ဆောက်ပုံနဲ့ Maxwell GPU တို့နဲ့အတူ octa-core CPU ဖြစ်ပါတယ်။ Tegra ကိုတော့ Shield tablet တွေ, Nintendo Switch console နဲ့ တချို့သောစမတ်ကားတွေမှာ သုံးထားပါတယ်။
နောက်ဆုံးထုတ်ကုန်
ဒီအကြောင်းတွေအကုန်လုံးက ဖုန်းတစ်လုံးရဲ့စွမ်းဆောင်နိုင်ရည်ကို အကြမ်းဖျင်းပြောပြသွားပေမယ့်လည်း ထုတ်လုပ်သူတွေက သူတိုရဲ့ပစ္စည်းတွေကို တစ်ခုတည်းမှာကောင်းကောင်းအလုပ်လုပ်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာပေါ်မှာ အများကြီးမူတည်နေပါတယ်။ ဒီထဲမှာ hardware ကောင်းကောင်းကိုရွေးချယ်နိုင်တာတွေ၊ အတားအဆီးတွေကို ဖယ်ရှားနိုင်တာတွေ programming ပိုကောင်းတာတွေအစရှိသဖြင့် အားလုံးအကျုံးဝင်နေတာဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုထောက်ပြချင်တာက Apple iPhone တွေပါပဲ။ သူတို့ရဲ့ spec တွေကတော့ ပြိုင်ဘက် Android တွေရဲ့အောက်မှာရှိပေမယ့် အရည်အသွေးစမ်းသပ်မှုတိုင်းမှာ နှစ်စဉ်ထိပ်ကနေ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ Android မှာဆိုရင်လည်း Qualcomm နာမည်ကြီးရေပန်းစားနေရတဲ့အကြောင်းရင်းတစ်ချက်ရှိပါတယ်။ အဲ့တာကတော့ တခြားကုမ္ပဏီတွေကထုတ်လုပ်ပြီးသား အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ SoC တစ်ခုထက် စွမ်းဆောင်ရည်ပိုကောင်းအောင်လုပ်ဆောင်နိုင်ဖို့ရည်ရွယ်ပြီး အကြမ်းထည်ကနေဖန်တီးလိုက်တဲ့တစ်ခုကို SoC တစ်ခုအနေနဲ့အရင်ထုတ်လိုက်တာဖြစ်ပါတယ်။
## Ko Aung Phyo Oo (Myanmar Mobile App) ##

Comments