ဘဏ်လုပ်ငန်းများတွင် ကျွမ်းကျင်ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ Certificate in Bank Manage-ment သင်တန်းကို ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင် ထားပြီး ဘဏ်လုပ်ငန်းကို စိတ်ဝင်စားသူများ၊ ပြည်တွင်း၊ ပြည်ပဘဏ်လုပ်ငန်းများတွင်ဝင်ရောက် လုပ်ကိုင်လိုသူများ၊ ငွေကြေးဈေးကွက်များနှင့် ဆက်စပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လိုသူ များ၊ Mobile Banking လုပ်ငန်း နယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်လိုသူများ၊ လက်ရှိဘဏ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး Management အဆင့်သို့ တက်ရောက်လိုသူများအတွက် အထူး သင့်လျော်သောသင်တန်းဖြစ်သည်။ သင်ကြားမည့်အကြောင်းအရာ များမှာ ဘဏ်များအကြောင်းနှင့် ဘဏ်၏လုပ်ဆောင်ချက်များ၊ ဘဏ်၏ဝန်ဆောင်များနှင့် ဘဏ်အချိုးအစားများအကြောင်း၊ နိုင်ငံတကာဘဏ်များအကြောင်း၊ ဗဟိုဘဏ်နှင့် သူ၏လုပ်ထုံးလုပ်နည်းများအကြောင်း၊ ဘဏ်အကျပ်အတည်းများအကြောင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုများ၊ ဘဏ်များ၏ဝင်ငွေပုံစံနှင့်ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဘဏ်၏စွန့်စားရမှုများအားစီမံခန့်ခွဲခြင်း စသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကာလအနေဖြင့် ၂ ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို Myanmar International Business Academy (MIBA) ဖုန်း ၀၉- ၂၅၂၂၂၈၈၈၉၊ ၀၉- ၄၂၀၁ ၀၀၇၁၂၊ ၀၉-၉၆၄၇၈၅၉ ၉၉ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
Comments
Post a Comment