စီးပွားရေးလုပ်ငန်းများ၏ HR Functions များကို ဦးဆောင် နိုင်သောအရည်အချင်းများ ပိုင်ဆိုင်နိုင်စေရန်ရည်ရွယ်၍ Certi-ficate in Human Resources Management သင်တန်းကို ပညာဒါနအဖြစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရုံးချိန်လွတ်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အခြေခံပညာ အထက်တန်းအောင်မြင်သူများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ ဘွဲ့ရသူများ၊ လုပ်ငန်းခွင်အတွင်း ဝင်ရောက်လိုသူများ၊ လုပ်ငန်းခွင်အတွင်း တဆင့်မြင့် ရာထူးတက်လှမ်းလိုသူများ၊ တက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းကို နိုင်ငံတကာမှပေးအပ်သည့် မာစတာဘွဲ့များကိုသင်ကြားပို့ချနေသည့် အတွေ့အကြုံရင့် ဆရာများမှပို့ချခြင်း၊ ပြည်တွင်း၊ ပြည်ပမှ မာစတာဘွဲ့လုပ်ငန်းခွင် အတွေ့အကြုံရှိပညာရှင်များမှ ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
သင်တန်းကာလအနေဖြင့် ၁ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကို ပညာဒါနအဖြစ်မည်သည့် အခကြေးငွေမျှပေးရန်မလိုဘဲ တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ တက်ရောက်လိုသူများသည် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး Myanmar Royal College (MRC) ဖုန်း ၀၉- ၇၇၇၇၉၃၆၁၃ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
Comments
Post a Comment