Chrome Browser မှာ Font ပြောင်းလဲ အသုံးပြုနည်း


မြန်မာစာကို လေးထောင့်လေးတွေ သို့မဟုတ် တလွဲတွေဖြစ်နေရင် ကိုယ်မြင်ချင်၊ သုံးချင်တဲ့ ဖောင့်ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Mozilla FirefoxChrome,Internet Explore တို့ရဲ့ Default font တွေက ဇော်ဂျီဖောင့်ကို ကောင်းမွန်စွာ မဖော်ပြပေးနိုင်ပါဘူး။ ယူနီကုဒ်ဖောင့်တွေနဲ့ ရေးသားထားတာတွေကိုတော့ ကောင်းစွာမြင်တွေ့ရမှာပါ။
ဒီတော့ ကျွန်တော်တို့ Computer Operating System အသစ်တင်ပြီးလို့ ကိုယ်သုံးလို့တဲ့ သို့မဟုတ် ဆိုင်ကထည့်ပေးလိုက်တဲ့ Browser တွေမှာ ဇော်ဂျီဖောင့်ကို မြင်ရအောင် Settings ထဲမှာ ပြောင်းပေးလိုက်တာ ရှိသလို မပြောင်းပေးလိုက်တာလည်း ရှိပါတယ်။ ကိုယ့်ဘာသာ Browser အသစ်တစ်ခုခုကို ထည့်သွင်းအသုံးပြုမယ်ဆိုရင်လည်း ဖောင့် Settings မှာ ဇော်ဂျီဖောင့်ကို ပြောင်းပေးမှ ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ စာတွေကို ကောင်းစွာ ဖတ်နိုင် မြင်နိုင်မှာပါ။
ဒီတော့ အောက်မှာ Chrome Browser တွေမှာ ဖောင့်ပြောင်းလဲ အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါတယ်။

Chrome မှာ ဖောင့်ပြောင်းလဲနည်း

Chrome ရဲ့ Options ကို သွားပါ။ အောက်ပါ အချိတ်အဆက်ကို နှိပ်ရင် ဒုတိယပုံဖြစ်တဲ့ Chrome ရဲ့ Font ပြောင်းတဲ့နေရာကို တန်းသွားနိုင်ပါတယ်။
chrome://settings/fonts
အပေါ်က အနီရောင်စာတွေကို Copy ကူးလိုက်ပါ။ ပြီးပါက Address box မှာ Paste ထည့်ပြီး Enter လုပ်ပြီး Chrome ရဲ့ Font ပြောင်းတဲ့နေရာကို တန်းသွားနိုင်ပါတယ်။

Address box ကို ပြထားပုံ

ဒါမှမဟုတ် Chrome ရဲ့ ညာဘက်မှာ အစက်သုံးစက် ရှိပါတယ်။ နှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း မြင်ရမှာ ဖြစ်ပြီး Options ကို နှိပ်ပါ။
ပုံမှာ အဝါရောင် ခြယ်ထားတဲ့ Show advanced settings ကို နှိပ်လိုက်ပါ။ အောက်ပါပုံကို မြင်ရမှာ ဖြစ်ပါတယ်။
Show advanced settings ကို နှိပ်ပြီး ပုံမှာ မြင်ရတဲ့ အဝါရောင် Customize fonts ကို တွေ့အောင် ရှာပါ။ တွေ့ပါက နှိပ်လိုက်ပါ။ အောက်ပါပုံကို တွေ့ရမှာ ဖြစ်ပါတယ်။
ပုံမှာ မြင်ရတဲ့ အတိုင်း ရှိသမျှ  Standard font, Serif font, Sans-serif font, Fixed-width font ဆိုတဲ့နေရာမှာ ဇော်ဂျီဖောင့်ကို ပြောင်းထားလိုက်ပါ။ ကျွန်တော်က Phase 1 ကို သုံးတဲ့အတွက် Phase 1 ကို ထားပါတယ်။ Phase 1 က စာတွေကို ကောင်းကောင်းပေါ်လို့ပါ။ Phase 1 ဖောင့်ကို လိုချင်ရင် Download ဒီမှာရယူလိုက်ပါ။ အောက်ဆုံး Encoding နေရာမှာ အဝါရောင်ခြယ်ထားတဲ့ Unicode (UTF-8) ဖြစ်နေရပါမယ်။ ပြီးပါက Done ကို နှိပ်ပါ။ ဒါဆိုရပါပြီ။ စာတွေမမြင်ရသေးရင်တော့ Chrome ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။

အားလုံးပဲအဆင်ပြေကြပါစေ.....။

Comments