Chromebook နဲ့ယှဉ်ပြိုင်မယ့် ၁၉၉ ဒေါ်လာတန် Lenovo Windows 2-in-1 tablet


ပီးခဲ့တဲ့နှစ်က ၂၂၉ ဒေါ်လာတန် Windows 2-in-1 tablet နဲ့ လူအများကို အံ့အားသင့်စေခဲ့တဲ့ Lenovo ဟာ ဒီနှစ် Mobile World Congress မှာ Miix 320 သစ်ကို မိတ်ဆက်ပြသ ခဲ့ပါတယ်။
၁၉၉ ဒေါ်လာနဲ့ရောင်းချမယ့် Lenovo Miix 320 ကို ဈေးသက်သာတဲ့ Windows laptop တစ်ခုအဖြစ် ဖန်တီးထားပါတယ်။ ၁၀.၁ လက်မ full HD display ပါဝင်ပြီး 4GB RAM, 128GB storage နဲ့ အသုံးပြုနိုင်ပါတယ်။
အကြီးမားဆုံး အဆင့်မြှင့်တင်မှုကတော့ တိကျမှုရှိတဲ့ trackpad တစ်ခုထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
LTE အထောက်အပံ့ပါဝင်ပြီး ဘက်ထရီနဲ့ ၁၀ နာရီအသုံးပြုနိုင်ပါတယ်။ Processor ကိုတော့ အပြောင်းအလဲမလုပ်ထားဘဲ Intel ရဲ့ Atom X5 ကို အသုံးပြုထားပါတယ်။ Miix 320 ရဲ့ အဖြူရောင်နဲ့ ငွေရောင်ဗားရှင်းနဲ့ LTE မော်ဒယ်တို့ကို ဧပြီလမှာ စတင်ရောင်းချ သွားမှာဖြစ်ပါတယ်။ LTE မပါတဲ့ဗားရှင်းကိုတော့ ဇူလိုင်လမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Comments