တန်ဖိုးကြီး Drone များကို စတင်မမောင်းနှင်မီ လေ့ကျင့်လိုသူများအတွက် အဆင်ပြေစေနိုင်မယ့် FLGHT CX-12 လေ့ကျင့်ရေး Drone အသေးစားဖြစ်ပါတယ်။ Remote Control ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ရန်အတွက် အခြေခံကစလေ့ကျင့်နိုင်မှာဖြစ်ပြီး Drone အသေးစားကို လေထဲမှာ ငြိမ်နေအောင်ထားလို့ရမှာဖြစ်ပါတယ်။ Camera ပါဝင်လာခြင်းမရှိဘဲ အလှမီးလေးတွေပါပါတယ်။ Battery အားအပြည့်သွင်းထားမယ်ဆိုရင် ၁၀ မိနစ်ခန့် ပျံသန်းနိုင်မှာပါ။ ထိခိုက်မိတဲ့အခါ အတောင်ပံတွေ မကျိုးပဲ့ဖို့အတွက် အကောင်းဆုံးဖော့သားနဲ့ ပြုလုပ်ထားပြီး ပေ ၅၀ ပတ်လည် ပျံသန်းနိုင်မှာဖြစ်ပါတယ်။ တန်ဖိုး- ၂၀,၀၀၀ ကျပ်နဲ့ A&Z Online Market ဖုန်း ၀၉၂၅၉၀၀၂၆၈၁ မှာ အိမ်အရောက်ပို့စနစ်နဲ့ မှာယူနိုင်မှာဖြစ်ပါတယ်။

Comments
Post a Comment