Dual camera feature များပါဝင်တဲ့ Helio P25 midrange chipset ကို MediaTek မိတ်ဆက်


Helio P စီးရီးထဲက နောက်ဆုံးပေါ် chipset တစ်မျိုးကို MediaTek က မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီ processor မှာ octa-core CPU နဲ့ dual camera အတွက် အထောက်အပံ့တွေ ပါဝင်ပါတယ်။
Helio P10 နဲ့ Helio P20 chipset တွေရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်တဲ့ Helio P25 ကို အရည်အသွေးမြင့် ပုံရိပ်များ ထောက်ပံ့ပေးရန်နဲ့ ဒီနေ့ခေတ် dual camera စမတ်ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ မိုဘိုင်း processor သစ်မှာ dual-camrea အထောက်အပံ့ကို စွမ်းအင်သုံးစွဲမှုချွေတာပေးမယ့်နည်းပညာနဲ့ ပေါင်းစပ်ထားပါတယ်။
Helio P25 ဟာ အဆင့်မြင့် camera effect တွေကို ထိုက်သင့်တဲ့ဈေးနဲ့ ရရှိစေနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် Video HDR with full preview, shallow Bokeh effect နဲ့ ဓာတ်ပုံတွေကို အလျင်အမြန် focus လုပ်နိုင်မယ့် လုပ်ဆောင်ချက်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ chipset က 24MP ကင်မရာတစ်ခု ဒါမှမဟုတ် 13MP+13MP dual camera setup အထိ ထောက်ပံ့ပေးနိုင်ပါတယ်။
Octa-core ARM Cortex-A53 CPU ရဲ့ clock speed က 2.5GHz ဖြစ်ပြီး Mali-T880 GPU clock speed က 900MHz ဖြစ်ပါတယ်။ Helio P25 က စွမ်းအင်သုံးစွဲမှု ၂၅ ရာခိုင်နှုန်းအထိ သက်သာစေနိုင်တဲ့အပြင် LTE နဲ့ RAM 6GB အထိ ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။
Helio P25 chipset ပါဝင်တဲ့ စမတ်ဖုန်းတွေကို ၂၀၁၇ ပထမသုံးလပတ်အတွင်း ဈေးကွက်မှာ မြင်တွေ့ရဖို့ရှိပါတယ်။

Comments