စီးပွားရေးပညာရှင်တွေ လျှောက်ထားနိုင်မယ့် EISENHOWER Fellowship program


စီးပွားရေးကဏ္ဍပေါင်းစုံမှ ပုဂ္ဂိုလ်များ လျှောက်ထားနိုင်တဲ့ EISENHOWER Fellowship Program ကို အမေရိကန်နိုင်ငံမှာ ၂၀၁၇ ခုနစ် အောက်တိုဘာလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၇ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီ Program ကို အသက် ၃၂ နှစ် ကနေ ၄၅ နှစ် အတွင်းမှာရှိတဲ့ စီးပွားရေးကဏ္ဍပေါင်းစုံက ပုဂ္ဂိုလ်တွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းကိုင်တွယ်ဖို့ ရှာဖွေနေသူတွေအနေနဲ့ ထူးခြားတဲ့ ခေါင်းဆောင်မှုစွမ်းရည်ဆိုင်ရာ အခွင့်အလမ်းများ ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။ EF ဟာ တစ်ဦးချင်းစီ ခေါင်းဆောင်နိုင်စွမ်းကို အကဲဖြတ်သွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်များဟာ ပြိုင်ပွဲကာလအတွင်း မိမိတို့တင်ပြမယ့် အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင်နဲ့ ရှင်းလင်းပြတ်သားစွာ တင်ပြပြောဆိုနိုင်သူ များဖြစ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ ကျော်မှ ပြိုင်ပွဲဝင်များ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လျှောက်ထားလိုသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထားလျှောက်ထားရမှာ ဖြစ်သလို application form ကို ဝnline ကတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ အသေးစိတ်ကို ဒီလင့်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Comments