Facebook က သူ့ရဲ့ လူမှုကွန်ရက်မှာပဲအလုပ်ရှာနေသူများနဲ့ အလုပ်ခေါ်နေတဲ့ စီးပွားရေးလုပ်ငန်းများကိုချိတ်ဆက်ပေးတဲ့ စွမ်းဆောင်ချက် အသစ်တစ်ခု16ရက်နေ့ကထည့်သွင်းပေးလိုက်ပါတယ်။ ဒီစွမ်းဆောင်ချက်ဟာအလုပ်အကိုင်အခွင့်အလမ်းများအတွက် အသုံးပြုနေကြတဲ့ LinkedIn ကိုတိုက်ရိုက်ယှဉ်ပြိုင်လိုက်တာလည်း ဖြစ်ပါတယ်။ facebook ရဲ့စွမ်းဆောင်ချက် အသစ်မှာကုမ္ပဏီများကအလုပ်ခေါ်တဲ့ ပို့စ်များကိုယခင်အတိုင်းပို့စ်တင်နိုင်မှာ ဖြစ်ပေမယ့် အလုပ်လျှောက်ချင်တွေဟာ လျှင်မြန်စွာ CV ဖောင်တင်နိုင်ဖို့ Apply Now Button ကိုထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာအလုပ်လျှောက်ချင်သူများက Facebook Messenger ကနေတစ်ဆင့် အလုပ်ရှင်ထံ CV ဖောင်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းများရဲ့ Facebook Page များမှာလည်း Jobs Tab တစ်ခုထည့်သွင်းပေးထားမှာ ဖြစ်ပြီးအလုပ်ရှာနေသူများကအဲဒီ Tab ကနေခေါ်ယူနေတဲ့ အလုပ်များကိုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ Tab မှ အလုပ်ခေါ်ယူနေတဲ့ စာရင်းဟာကုမ္ပဏီကတင်ထားတဲ့ အလုပ်ခေါ်တဲ့ပို့စ်မှ စာရင်းကိုအလိုအလျှောက် ထည့်သွင်းပေးထားတာ ဖြစ်မယ်လို့ ထင်ရပါတယ်။ ယခုစွမ်းဆောင်ချက် အသစ်ဟာအလုပ်ရှာနေသူများနဲ့ Facebook ၂ ဦးစလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ အလုပ်ရှာနေသူများအတွက်လည်း Facebook ဟာပိုမို အသုံးဝင်လာသလို Facebook အတွက်လည်းကုမ္ပဏီများကအလုပ်ခေါ်တဲ့ ပို့စ်များကိုကြော်ညာမှာ ဖြစ်တဲ့အတွက် အကျိုးရှိစေပါတယ်။ ဒါ့အပြင် Facebook ဟာအလုပ်ရှင်နဲ့ အလုပ်ရှာနေသူများအတွက် စိတ်ဝင်စားစရာနေရာ ဖြစ်လာပြီး LinkedIn ရဲ့ ဖောက်သည်များကိုလည်းလုယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာစွမ်းဆောင်ချက်အသစ်ကိုအမေရိကန်နဲ့ ကနေဒါနိုင်ငံများမှာသာအသုံးပြုနိုင်ပါသေးတယ်။အလုပ်ရှာနေသူများကPages များအပြင် Facebook.com/jobs နဲ့ Mobile Apps များမှ Jobs Tab အသစ်ကနေလည်းအလုပ်ခေါ်ယူမှုများကို ကြည့်နိုင်ပါတယ်။
Comments
Post a Comment