Fiber To The Home အင်တာနက် ဝန်ဆောင်မှုသစ်ရောင်းချ


Fiber To The Home အင်တာနက် ဝန်ဆောင်မှုကို 5BB Broadband မှရောင်းချနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ကနဦးတပ်ဆင်ခ သုံးသိန်းကျပ် (FTTH-Wifi router နှင့် Fiber cable ကြိုးသွယ်တန်းမှုများပါ အပြီးအစီး)၊ လစဉ်ကြေးတို့နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ပရိုမိုးရှင်းနှုန်းအဖြစ် မတ်လကုန်အထိ ရောင်းချနေတာဖြစ်တယ်လို့ဆိုပါတယ်။ လစဉ်ကြေးတွေကို အမျိုးအစားတွေခွဲခြားထားပြီး XS plan – 1Mbps အား ၄၉,၅၀၀ ကျပ်၊ Small plan – 3 Mbps အား ၉၉,၅၀၀ ကျပ်၊ Medium plan - 5Mbps အား ၁၄၉,၅၀၀ကျပ်၊ Large plan - 10Mbps အား၂၄၉,၅၀၀ကျပ်၊ XL plan - 20Mbps အား ၄၄၉,၅၀၀ကျပ် တို့နဲ့ အသီးသီးရောင်းချနေတာဖြစ်ပါတယ်။ နှစ်စဉ်ကြေးမရှိဘဲအသုံးပြုနိုင်မယ်လို့သိရပါတယ်။

Comments