လေထဲမှာ ဆိုင်ကယ်လို စီးနင်းနိုင်မယ့် ကမ္ဘာ့ပထမဆုံး Hoverbike


လူတစ်ဦးစီးနင်း ပျံသန်းနိုင်ပြီး စီးနင်းသူက ထိန်းချုပ်မှု အပြည့်အဝ ပြုလုပ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး hoverbike ကို ရုရှားကုမ္ပဏီ Hoversurf က သရုပ်ပြသခဲ့ပါတယ်။
Scorpion-3 လို့ခေါ်တဲ့ အဲ့ဒီ hoverbike ဟာ drone-copter နည်းပညာနဲ့ မော်တော်ဆိုင်ကယ် ဒီဇိုင်းကို ပေါင်းစပ်ထားတာဖြစ်ပြီး စီးနင်းသူတွေက ဝေဟင်မှာ ဆိုင်ကယ်စီးသလိုမျိုး ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့အဆိုအရ Scorpion-3 ဟာ ကိုယ်အလေးချိန် ၁၉ စတုံ (၂၆၆ ပေါင်) အထိ သယ်ဆောင်နိုင်ပြီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ ၃၃ ပေအမြင့်ကနေ ပျံသန်းမောင်းနှင်နိုင်မယ်လို့ သိရပါတယ်။

လေထဲမှာ ၂၇ မိနစ်အကြာ ပျံသန်းနိုင်မယ့် အဲ့ဒီ quad-copter ကို ဒေါ်လာ ၁၅၀,၀၀၀ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
မတော်တဆမှုတွေကို ကာကွယ်ပေးဖို့အတွက် အတွင်းပိုင်းမှာ ပါဝင်တဲ့ ဘေးကင်းစေမယ့် စက်ကိရိယာတွေက အမြင့်ဆုံးအမြန်နှုန်းနဲ့ အမြင့်ပေကို ကန့်သတ်ထားပါတယ်။
ကုမ္ပဏီရဲ့ သရုပ်ပြဗီဒီယိုမှာတော့ စီးနင်းသူက အကာအကွယ်ပစ္စည်းကိရိယာတွေကို ဝတ်ဆင်ထားပြီး hovercraft စီးနင်းပျံသန်းနေပုံကို ပြသထားပါတယ်။

Comments