သင့်ရဲ့ iPhone 7 ၊ iPhone 7 Plus မှာ iPhone 8 မှာ လုပ်ပေးမယ့် wireless charging feature ကို ဘယ်လိုရအောင်လုပ်မလဲဆိုတာကို ပြောပြပေးသွားမှာပါ။
သင်သိပြီးတဲ့အတိုင်းပါပဲ။ ဒီနှစ်နောက်ပိုင်းမှာ ထွက်ရှိမယ်လို့ ကြေညာထားတဲ့ iPhone အသစ်မှာ ပါဝင်မယ်လို့ တရားဝင်ကြေညာထားပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ သုံးချင်တယ်ဆိုရင်တော့ iPhone အတွက် accessories လေးနဲ့ တွဲသုံးဖို့ လိုလာပါပြီ။ လက်ရှိသုံးနေတဲ့ iPhone 7 နဲ့ iPhone 7 Plus မှာ အဆင်ပြေနိုင်မယ့် ပစ္စည်းမျိုးရှိလာတာကို ကျေးဇူးတင်ရမှာပါ။ ပြီးတော့ နံရံမှာကပ်ပြီးတော့လည်း အားသွင်းနေစရာမလိုတော့ဘူးလေ။
ဟုတ်ပါတယ်။ Apple ကတော့ Apple ပါပဲ။ သင့်ဆီကို ကျယ်ကျယ်ပြန့်ပြန်ရရှိနိုင်တဲ့ Qi-based wireless charging ကို သင့်ရဲ့ iPhone ကမ္ဘာထဲကို မိတ်ဆက်ပေးလိုက်ပါပြီ။
သင့်ရဲ့ Apple ဖုန်းကို wireless charging သုံးနိုင်ဖို့အတွက် လူသိများတဲ့ အဖြေတွေကို လိုက်ရှာကြည့်လိုက်ရအောင်။ စတိုင်လ်လည်းကျရမယ်။ မိတ်ဆွေအပေါင်းအသင်းနဲ့ သူငယ်ချင်းတွေကလည်း အံ့အားသင့်နေရမယ်။
Wireless Charging Case
အကောင်းဆုံး အဖြေများထဲက တစ်ခုကတော့ wireless charging battery case ကို သုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သူဟာ ထိပ်တန်း accessory ထုတ်လုပ်သူဖြစ်တဲ့ Mophie မှ ထုတ်လုပ်ထားပါတယ်။ Mophie Juice Pack Air case for iPhone 7 and iPhone 7 Plus ဟာဆိုရင် ဆင့်ကဲအားသွင်းနည်းပညာကို အသုံးပြုထားပါတယ်။
အဲဒီ case လေးတွေဟာ Qi-compatible ဖြစ်တဲ့အတွက် လုံးဝကို အဆင်ပြေပြေ အလုပ်လုပ်တာကို တွေ့မြင်ရမှာပါ။ သူတို့မှာ built-in battery pack လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သင့်ရဲ့ iPhone ကို အားနည်းသွားတဲ့အချိန်မှာ ချက်ချင်းအားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုအချိန်မျိုးမှာတောင် အဆင်ပြေသလဲဆိုတော့ ဖုန်းရော case ရော နှစ်ခုစလုံးက wireless charging pad ပေါ်မှာ ရှိမနေဘူးဆိုရင်တောင် အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။
iPhone 7 နဲ့ iPhone 7 Plus အတွက် Mophie ရဲ့ Juice Pack Air cases လေးတွေဟာ ၉၉ဒေါ်လာ ကျသင့်ပြီးတော့ အရောင်အစုံ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဝယ်မယ်: Mophie Juice Pack Air for iPhone 7 from Amazon: ၉၉ ဒေါ်လာ
ဝယ်မယ်: Mophie Juice Pack Air for iPhone 7 Plus from Amazon: ၉၉ ဒေါ်လာ
တကယ်လို့ သင်ဟာ Mophie လိုတံဆိပ်မျိုးအထိ မသုံးချင်ဘူးဆိုရင်တော့ ဈေးသက်သာတာ ရှိပါသေးတယ်။ သူကတော့ Antye မှ ထုတ်လုပ်ထားပါတယ်။ Mophie case နဲ့ မတူတာကတော့ Antye case မှာ built-in battery မပါဝင်တဲ့အတွက် ကိုယ်ပိုင်အားမသွင်းပါဘူး။ နောက်ထပ်လည်း အပေါ်မှာ သုံးထားတဲ့ ဆင့်ကဲအားသွင်းစနစ် မပါဝင်ပါဘူး။ သူဟာ Qi-based wireless case ဖြစ်တဲ့အတွက်ကြောင့် wireless charging pad ပေါ်မှာ တင်ရမှာဖြစ်တာကတော့ အတူတူပါပဲ။ ၂၀ ဒေါ်လာနဲ့ ရရှိနိုင်မှာဖြစ်ပြီးတော့ အဲဒီဈေးဟာ အချိန်အကန့်အသတ်ရှိတယ်လို့ သိရပါတယ်။
Buy: Antye Qi Wireless Charging Case for iPhone 7 from Amazon: ၁၉.၉၉ ဒေါ်လာ | မူရင်းဈေး ဒေါ်လာ၃၀
Buy: Antye Qi Wireless Charging Case for iPhone 7 Plus from Amazon: ၁၉.၉၉ ဒေါ်လာ | မူရင်းဈေး ဒေါ်လာ၃၀
Buy: Antye Qi Wireless Charging Case for iPhone 7 Plus from Amazon: ၁၉.၉၉ ဒေါ်လာ | မူရင်းဈေး ဒေါ်လာ၃၀
Wireless Charging Receiver+Pad
ထူထဲတဲ့ wireless charging case တပ်လိုက်လို့ သင့်ရဲ့ iPhone အလှကို ပျက်သွားစေတယ်လို့ ထင်မြင်ရင်တော့ နောက်ထပ်တစ်ခုရွေးစရာရှိနေပါတယ်။ ဒါကတော့ wireless charging pad နဲ့ အားသွင်းနိုင်ပြီး iPhone ၊ အားသွင်းကြိုးတို့နဲ့ ချိတ်ဆက်ပြီးတော့ သုံးရမှာ ဖြစ်ပါတယ်။ ဖုန်းကို charging pad ပေါ်မှာ ထားပြီးတော့ အားသွင်းရမှာ ဖြစ်ပါတယ်။ ရိုးရှင်း၊ ဈေးသက်သာပြီးတော့ wireless charging အတွက် အဆင်ပြေပြေသုံးနိုင်မှာ ဖြစ်ပါတယ်။
ဝယ်မယ်: DanForce Qi Wireless Charging Kit for iPhone 7 & iPhone 7 Plus from Amazon: ၂၉.၄၉ ဒေါ်လာ | မူရင်းဈေး ဒေါ်လာ၆၀
### Credit Myanmar mobile app...###
### Credit Myanmar mobile app...###
Comments
Post a Comment