၅.၂ လက်မ IPS screen နဲ့ octa-core CPU ပါဝင်တဲ့ Meizu M5s


ကောလာဟလ သတင်း ထွက်ပေါ်ခဲ့တဲ့အတိုင်း Meizu က M5s ကို တရားဝင်မိတ်ဆက် ပေးလိုက်ပါတယ်။
M5s မှာ ၅.၂ လက်မ 720p display ပါဝင်ပြီး octa-core 1.3GHz Cortex-A53 processor ပါဝင်တဲ့ MediaTek MT6753 chipset ကို အသုံးပြုထားပါတယ်။ RAM က 3GB ဖြစ်ပြီး internal memory ကိုတော့ 16GB, 32GB တို့နဲ့ ရရှိနိုင်ပါတယ်။ Storage ကို 128GB အထိ တိုးမြှင့်နိုင်ပါတယ်။

Meizu M5s ရဲ့ ပင်မကင်မရာက 13MP ဖြစ်ပြီး PDAF F/2.2 5-element lens, dual-tone LED flash နဲ့ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပါတယ်။
ဖုန်းရဲ့ ဘက်ထရီက 3,000mAh ဖြစ်ပြီး ၁၀ မိနစ်အတွင်း ၀ ကနေ ၁၉ ရာခိုင်နှုန်းအထိ အားပြန်သွင်းပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။

သတ္တုကိုယ်ထည်နဲ့ ဖန်တီးထားတဲ့ အဲ့ဒီဟန်းဆက်မှာ mTouch လက်ဗွေစနစ် တစ်ခုပါဝင်ပြီး dual-SIM နဲ့ VoLTE တို့ကို ထောက်ပံ့ပေးထားပါတယ်။
Black, Silver, Gold, Rose Gold စတဲ့ အရောင်များနဲ့ ရရှိနိုင်ပြီး တန်ဖိုးက 16GB အတွက် ၁၁၅ ဒေါ်လာ၊ 32GB အတွက် ၁၄၅ ဒေါ်လာ အသီးသီးကျသင့်မယ်လို့ သိရပါတယ်။

Comments