ထူးခြားဆန်းသစ်သော keyboard ပါဝင်သည့် Lenovo Yoga A12

ပီးခဲ့တဲ့နှစ်က တီထွင်ဆန်းသစ်တဲ့ Android 2-in-1 တွေထဲကတစ်ခုဖြစ်တဲ့ Yoga Book ကို ဖြန့်ချိခဲ့တဲ့ Lenovo ဟာ နောက်ဆုံးပေါ် feature တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် Android 2-in-1 တစ်မျိုးကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။
Lenovo Yoga A12 လို့ခေါ်တဲ့ Android tablet 2-in-1 သစ်မှာ ၁၂.၂ လက်မ HD touchscreen နဲ့ Intel Atom x5 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM က 2GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်ပါတယ်။
Lenovo Yoga Book လိုပဲ Yoga A12 မှာ ၃၆၀ ဒီဂရီ ပတ္တာတစ်ခု ပါဝင်တာကြောင့် kebyoard ကို လှန်ပြီး tablet တစ်ခုအနေနဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ၄၉၉ ဒေါ်လာတန် Yoga Book နဲ့မတူတာက keyboard မှာ Wacom sketch pad ပါဝင်လာခြင်း မရှိတာပါ။ ဒါကလည်း Yoga A12 ကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်တဲ့ အဓိက အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။ Lenovo ရဲ့အဆိုအရ Yoga A12 ရဲ့ အပါးဆုံးအပိုင်းက အထူ ၅.၄ မီလီမီတာသာ ရှိပြီး အလေးချိန်က ၁ ကီလိုဂရမ်အောက်သာ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ကုန်ကို မဂ္ဂနီဆီယမ်နဲ့ အလူမီနီယံဖြင့် ဖန်တီးထားပြီး မီးခိုးရင့်ရောင်၊ ပန်းရောင်တို့နဲ့ ရရှိနိုင်ပါတယ်။
Lenovo Yoga A12 ကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး Lenovo ရဲ့ ဝက်ဘ်ဆိုက်ကနေ ၂၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Comments