LG ရဲ့စမတ်ဖုန်းအသစ် LG G6 ကိုတရားဝင်မိတ်ဆက်ပြသ


ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ LG ဟာ ၄င်းရဲ့နောက်ဆုံးထွက်အဆင့်မြင့်စမတ်ဖုန်းသစ် LG G6 ကိုမိတ်ဆက်ပြသလိုက်ပါပြီ။  Screen မျက်နှာပြင်အကျယ် 18:9 ratio ၊ Screen အလျားအနည်းငယ်ရှည်တဲ့ဒီဇိုင်းပုံစံနဲ့ LG G6 ဟာ Screen size 5.7 လက်မအရွယ်ရှိပေမယ့် ၅.၂ လက်မအရွယ်ဖုန်း size နဲ့သိပ်မကွာပါဘူးလို့ဆိုပါတယ်။ Display အနေနဲ့ QHD+ FullVision display (1440×2560 pixel) ကိုအသုံးပြုထားတာပါ။ နောင်ထွက်လာမယ့် စမတ်ဖုန်းတော်တော်များများကလည်း 18:9 ratio နဲ့ပဲထုတ်လုပ်လာကြဖို့ရှိတယ်လို့ သိရပါတယ်။

LG ဟာ ယခု 18:9 aspect ratio Display မှာ Content ပိုင်းဆိုင်ရာတွေလှပကောင်းမွန်စွာပြသနိုင်ဖို့အတွက် Google Play , Amazon တို့က app developer တွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ရပြီး LG G6 ရဲ့ System UI ဖြစ်တဲ့ UX 6.0 ဟာ 18:9 aspect ratio display နဲ့လွန်စွာမှလိုက်ဖက်လှပါတယ် လို့ဆိုပါတယ်။

LG G6 မှာအသုံးပြုထားတဲ့ Display ဟာ HDR10 နဲ့ Dolby Vision HDR စနစ်တွေကိုအထောက်အပံ့ပေးနိုင်ပြီး Amazon, Netflix တို့ဆီက Video တွေ Content တွေကိုအလွန်ကြည်လင်ပြတ်သားတောက်ပတဲ့ရုပ်ထွက်နဲ့မြင်တွေ့ရမှာပါလို့ဆိုပါတယ်။

Android version 7.0 Nougat ကိုအသုံးပြုထားတဲ့ LG G6 စမတ်ဖုန်းဟာ ရေစိုခံစမတ်ဖုန်းအမျိုးအစားဖြစ်ပြီး RAM 4GB , Internal Memory 32 GB ပါဝင်ပါတယ်။ LG G6 ကို ၂၀၁၇ ဧပြီလထဲမှာစတင်ရောင်းချမယ်လို့သိရပါတယ်။
### Credit Myanmar Mobile App...###

Comments