နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ဖြစ်သော MBA မဟာဘွဲ့ အပတ်စဉ် (၉) ကို ရုံးချိန်လွတ် ထပ်မံဖွင့်လှစ်မည်


Lincoln University College (LUC) မှ တိုက်ရိုက်ချီးမြှင့်မည့် နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ ဖြစ်သော MBA မဟာဘွဲ့ အပတ်စဉ် (၉)  ကို ၂၀၁၇ ဖေဖော်ဝါရီလ အတွင်း ကျောင်းဖွင့်ချိန်တွင် ရုံးချိန်လွတ် ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
MBA မဟာဘွဲ့ကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ တက္ကသိုလ်များမှ မဟာ၊ ဒေါက်တာဘွဲ့ရဆရာ၊ ဆရာမများနှင့် ပြည်ပမှ ပါမောက္ခများပူးပေါင်းသင်ကြားသွားမည်ဖြစ်သည်။ စာမေးပွဲများ ကို ပြည်တွင်းတွင်သာဖြေဆိုရမည် ဖြစ်ပြီး နိုင်ငံတကာအတိုင်းသတ် မှတ်ထားကြောင်းသိရသည်။ MBA ဘွဲ့အတွက် သင်တန်းကာလအနေဖြင့် ၁ နှစ် ၃ လ ကြာမြင့်မည် ဖြစ်သည်။
MBA ဘွဲ့ကို ပြည်တွင်းတွင် ဘာသာရပ်အားလုံးမသင်ယူဘဲ ဘာသာရပ်အချို့ကိုသာသင်ယူပြီး၊ ကျန်ဘာသာရပ်များကို အင်္ဂလန်၊ အမေရိက၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီးလန်၊ ဥရောပစသည့် မိမိကြိုက်နှစ်သက်သည့်နိုင်ငံများသို့ ဆက်လက်သွားရောက်သင်ကြားနိုင်သည်။ MBA ဘွဲ့ကို ပြည်တွင်းတွင်ရယူပြီး ဒေါက်တာဘွဲ့ကိုလည်း ပြည်တွင်း၌သာမက ပြည်ပသို့သွားရောက်ပြီးလည်း ဆက်လက်သင်ယူနိုင်သည်။ ဒေါက်တာဘွဲ့ကို ပြည်ပမှပါမောက္ခများကိုယ်တိုင် ပြည်တွင်းသို့လာရောက်ပို့ချမည် ဖြစ်ပါသည်။ Lincoln University College (LUC) မှပေးအပ်ချီးမြှင့်သည့်ဒေါက်တာဘွဲ့မှာ Course Work နှင့် Research (၂) ခုစလုံး ပြုလုပ်ရမည်ဖြစ်သည်။
Lincoln University College (LUC) သည် နိုင်ငံတကာ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်ပြီး၊ Faculty Member များသည်လည်း ဥရောပ၊ အမေရိကမှ ပါမောက္ခများနှင့် နိုင်ငံတကာမှ ဒေါက်တာ၊ မဟာဘွဲ့များရယူထားသည့်ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားသည်။ သင်တန်းကာလအတွင်း  ယခုခေတ်ကာလအတွင်း လိုအပ်ချက်များနှင့်ကိုက်ညီသည့်  Seminar များ၊  workshop များလည်းပြုလုပ်သွားမည်ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို RSIM ဖုန်း -၀၉-၄၂၀၇၂၅၅၆၆ နှင့် ၀၉ - ၇၃၀၉၄၀၆၀ ၌ဆက်သွယ် စုံစမ်းနိုင်သည်။

Comments