TENAA ကနေ ခွင့်ပြုချက် ရထားပြီးဖြစ်တဲ့ Meizu M5s ဓာတ်ပုံများဟာ အခုအခါမှာ ပေါက်ကြား ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေမှာ ဟန်းဆက်ရဲ့ အရှေ့ဘက်နဲ့ ကျောဘက်ကို ပြသထားပါတယ်။
Meizu M5s မှာ octa-core 1.3GHz processor (MediaTek MT6753 SoC) နဲ့ ၅.၂ လက်မ HD screen တို့ပါဝင်မယ်လို့ TENAA က ဖော်ပြထားပါတယ်။ Memory configuration တွေမှာ 2GB/16GB, 3GB/32GB နဲ့ 4GB/64GB တို့ပါဝင်ပါတယ်။
ကင်မရာအနေနဲ့ ကျောဘက်မှာ 13MP ကင်မရာပါဝင်ပြီး selfie ကင်မရာက 5MP ဖြစ်ပါတယ်။ Android 6.0 Marshmallow ကို အသုံးပြုထားပြီး ဘက်ထရီက 2,930mAh ပါ။ တန်ဖိုးကတော့ ၁၄၅ ဒေါ်လာဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။
Comments
Post a Comment