Mobile World Congress ပြပွဲတွင် tablet ကို Samsung မိတ်ဆက်မည်


Samsung သည် Mobile World Congress ပြပွဲတွင် tablet သစ်တစ်မျိုးကို မိတ်ဆက်ဖွယ် ရှိကြောင်းသိရသည်။ Samsung အနေဖြင့် MWC သတင်းစာ ရှင်းလင်းပွဲအတွက် ဖိတ်စာများကို ပေးပို့ထားပြီး ဖြစ်သည်။
ဖိတ်စာတွင် မိတ်ဆက်မည့် ထုတ်ကုန်၏ အသေးစိတ်ကို ဖော်ပြခြင်း မရှိပေ။ သို့သော်လည်း ခန့်မှန်းချက်များအရ Samsung သည် Galaxy Tab S3 ကို မိတ်ဆက်ဖွယ် ရှိကြောင်းသိရသည်။
၎င်းထုတ်ကုန်တွင် မျက်နှာပြင် ၉.၆ လက်မ ရုပ်ထွက်အရည်အသွး 2048x 1536 ဖြစ်ကာ Snapdragon 820 ပရိုဆက်ဆာနှင့် RAM 4GB ပါဝင်လာဖွယ် ရှိသည်။
Samsung သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်မည့် MWC သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ကုန်သစ်ကို မိတ်ဆက်သွားမည် ဖြစ်သည်။

Comments