MyJobs.com.mm က ကြီးမှူးကာ Yangon Career Fair ကို ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ ဖေဖော်ဝါရီလ ၂၆ ရက်၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ပွဲမှာ မြန်မာနိုင်ငံက ထိပ်တန်းကုမ္ပဏီပေါင်း ၄၀ ခန့်ကနေ လစ်လပ်နေတဲ့ အလုပ်အကိုင်နေရာတွေကို ခေါ်ယူသွားမှာဖြစ်ပြီး တိုက်ရိုက်အင်တာဗျူးအစီအစဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ) က “My Job, My Choice, Success in Life” ခေါင်းစဉ်နဲ့ ပြပွဲနေ့မှာ ဟောပြောပေးသွားမှာပါ။
MyJobs.com.mm မှ CEO Hans van Beek က“ ပြီးခဲ့တဲ့နှစ်က MyJobs.com.mm အနေနဲ့ ရန်ကုန်မြို့မှာ အလုပ်အကိုင်ခေါ်ယူပွဲပြုလုပ်ခဲ့ရာမှာ အလုပ်ရှာဖွေသူပေါင်း ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြား လာရောက်အလုပ် လျှောက်ထားခဲ့ကြပါတယ်။ နိုဝင်ဘာလတုန်းက မန္တလေးမှာပြုလုပ်ခဲ့တဲ့ပွဲမှာလည်း အလုပ်ရှာဖွေသူပေါင်း ၄၀၀၀ ကျော် လာရောက်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုလာမယ့်အလုပ်အကိုင်ပြပွဲမှာလည်း အလုပ်အကိုင်သစ်တွေ ခေါ်ယူနေတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ၊ NGOs တွေနဲ့ အလုပ်ရှာဖွေသူတွေကို ချိတ်ဆက်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ပြောပါတယ်။
ပြပွဲမှာ Diamond Partner အဖြစ် Unilever, Platinum Sponsor အဖြစ် Ooredoo, Carlsberg နှင့် Nestle တို့အပြင် MPT, Blue Ocean, YOMA, KIA, Friesland Campina, British American Tobacco အစရှိတဲ့ ကုမ္ပဏီများစွာက အလုပ်အကိုင်နေရာတွေကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ထိပ်တန်းကုမ္ပဏီပေါင်း ၄၀ ခန့် ပါဝင်ပြသမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေလိုသူများ အနေနဲ့ ကုမ္ပဏီများဆီကို အခမဲ့ CVs တင်ကာ လျှောက်ထားနိုင်မှာပဲဖြစ်ပါတယ်။
Comments
Post a Comment