Oculus motion controller ပါဝင်တဲ့ Gear VR headset ကို Samsung မိတ်ဆက်

ဘာစီလိုနာမှာ ကျင်းပပြုလုပ်နေတဲ့ Mobile World Congress မှာ Samsung က အဆင်မြှင့်ထားတဲ့ Gear VR heaset တစ်မျိုးကို မိတ်ဆက်ပြသ ခဲ့ပါတယ်။
Gear VR with Controller လို့ခေါ်တဲ့ Samsung Gear VR headset သစ်မှာ Oculus motion controller တစ်ခုပါဝင်ပါတယ်။
Headset ရဲ့ အလေးချိန်က ၁၂.၂ အောင်စနီးပါး (၃၄၅ ဂရမ်) ရှိပြီး အရင်ဗားရှင်းနှစ်မျိုးထက် လေးလံပါတယ်။ Field of view က အရင်အတိုင်း 101 degrees ဖြစ်ပါတယ်။
Controller ရဲ့အလေးချိန်က ၂.၂၁ အောင်စ (၆၄.၃ ဂရမ်) ပါ။ Controller မှာ click လုပ်နိုင်တဲ့ touchpad, trigger နဲ့ home, back, volume ခလုတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် accelerometer, gyrometer နဲ့ magnetic sensor တွေကိုလည်း တပ်ဆင်ထားပါတယ်။ AAA ဘက်ထရီနှစ်လုံးနဲ့ သုံးနိုင်ပြီး နေ့စဉ် ၂ နာရီသုံးရင် ရက် ၄၀ ကြာ သုံးနိုင်မယ်လို့ သိရပါတယ်။
Headset နဲ့ controller နှစ်မျိုးစလုံးက micro USB နဲ့ USB Type-C port ကို အသုံးပြုနိုင်ပြီး ဘူးထဲမှာ converter တစ်ခုပါဝင်တယ်လို့ ဆိုပါတယ်။
Gear VR headset သစ်ကို Galaxy S7 နဲ့ S7 edge အပြင် Note 5, S6, S6 edge, S6 edge+ တို့နဲ့လည်း တွဲဖက်အသုံးပြုနိုင်မယ်လို့ Samsung က ပြောကြားပါတယ်။
ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကိုတော့ မတ်လ ၂၉ ရက်မှာကျင်းပမယ့် Unpacked ပွဲမှာ ကြေညာသွားမယ်လို့ သိရပါတယ်။

Comments