Pixel မဟုတ်တဲ့ဖုန်းတွေအတွက် Google Assistant သုံးနိုင်စေရန် ထွက်ရှိလာတဲ့ alpha Google app


ဒီသတင်းက သင်တို့အနေနဲ့ Google Assistant ကို စမ်းနေပြီဆိုရင်တော့ သိပ်ပြီး အရေးအရာမရှိပေမယ့် ရှိမယ့်သူတွေလည်း ရှိနေပါသေးတယ်။ ဒါကတော့ Pixel မဟုတ်တဲ့ ဖုန်းတွေမှာ Google Assistant  ကို သုံးနိုင်တော့မှာပါ။
Android Police  ကနေပြီးတော့ feature တွေကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း alpha app ကို beta channel ကနေထွက်ရှိစေခဲ့တာကတော့ အမှားတစ်ခု ဖြစ်မယ်လို့ ယူဆရပါတယ်။ Assistant ကို ဖုန်းအားလုံးအတွက် ထွက်လာမယ်လို့တော့ အာမခံချက်မရှိသေးပေမယ့်လည်း ဖြစ်တော့လာနိုင်ပါတယ်။
Google Assistant ကို အားလုံးမရနိုင်သေးသလို ဘယ်လိုတွေလုပ်ဆောင်နိုင်သလဲဆိုတာလည်း မသေချာသေးပါဘူး။ အပေါ်မှာပြောခဲ့သလိုပဲ ဒါဟာ တည်တည်ငြိမ်ငြိမ်နဲ့ ထွက်ရှိလာတာ မဟုတ်သေးပါဘူး။ ဒါပေမယ့်လည်း သင့်အနေနဲ့တော့ ကြိုးစားကြည့်သင့်ပါတယ်။ သင့်အနေနဲ့ apk ဖိုင်ကို အောက်ကလင့်မှာ ယူနိုင်ပါတယ်။
Install ပြီးသွားတာနဲ့ home button ကို ကြာကြာလေးနှိပ်ထားလိုက်ပါ။ ပုံမှန် သင် Google Now ကို ခေါ်သလိုမျိုးပါပဲ။ ပြီးရင်တော့ သတိပေးချက်ကလေးတက်လာသလား ကြည့်လိုက်ပါ။ တကယ်လို့ ထူးဆန်းတာမျိုး တွေ့ရတယ်ဆိုရင်တော့ search bar ကို နှိပ်ပြီးတော့ ပြန်ထွက်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ အများစုက ပြီးသွားတတ်ပါတယ်။ မဟုတ်ရင်တော့ reboot လုပ်လိုက်ပါ။
Google app အသစ်ဟာ ငွေပေးချေမှုတွေနဲ့ အိမ်အရောက်ဝန်ဆောင်မှုတွေအတွက် Google Assistant ကို သုံးနိုင်မှာပါ။ မကြာသေးခင်ကကြည့်ထားတဲ့ page များ၊ lite mode စတာတွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ ခဏတာ အင်တာနက်ပြတ်တောက်သွားတာမျိုးဖြစ်တဲ့အချိန်မှာလည်း advanced offline search ဆိုတဲ့ page အချို့ရဲ့မြင်ကွင်းတွေကို ဒေါင်းလုတ်ပြုလုပ်ထားပေးတဲ့ feature လည်း ပါဝင်ပါသေးတယ်။ Google Assistant အတွက် ကီးဘုတ်လည်း ပါဝင်ပါတယ်။
အသေးစိတ်ကိုတော့ apk tear down မှာ ရေးသားထားတဲ့အတွက် အောက်ကလင့်မှာ ၀င်ပြီးတော့ Google ရဲ့ နောက်ထပ်ဗားရှင်းတွေ အကြောင်းကိုလည်း ဖတ်နိုင်သေးတယ်နော်။

Comments