Pop-up post များကို Facebook စမ်းသပ်နေ


Facebook သူငယ်ချင်း တစ်ယောက်ဆီကနေ instant message တစ်ခုရတဲ့အခါ တွေ့မြင်ရသလိုမျိုး web browser ရဲ့ အောက်ခြေဘက်မှာ သက်ဆိုင်ရာ post တွေဖော်ပြပေးမယ့် feature တစ်မျိုးကို နာမည်ကျော် လူမှုကွန်ရက်ကြီးက desktop site ပေါ်မှာ စမ်းသပ်နေတယ်လို့ သိရပါတယ်။
Pop-out Facebook post တွေမှာ comment ရေးသားဖို့အတွက် text field တစ်ခု ပါဝင်ပါတယ်။ ဒါ့အပြင် post ကို မြင်ကွင်းအပြည့်ကြည့်ဖို့နဲ့ hide လုပ်ထားဖို့အတွက် option တစ်ခုပါဝင်ပါတယ်။
“News Feed ကနေမခွာဘဲ post တစ်ခုမှာ စကားပြောဆိုမှုတွေ ပြုလုပ်နိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကို လူတွေက လိုချင်နေကြပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က post မှာ comment လာရေးတဲ့အခါ ဒါမှမဟုတ် comment ကို အကြောင်းပြန်တဲ့အခါနဲ့ comment မှာ tag လုပ်တဲ့အခါ window တစ်ခုနဲ့ ဖော်ပြပေးမယ့် option သစ်တစ်ခုကို ကျွန်မတို့ စမ်းသပ်နေပါတယ်။ သုံးစွဲသူအနေနဲ့ post ရဲ့ dropdown menu ကနေ စကားပြောဆိုမှုကို အမြဲ hide လုပ်ထားနိုင်သလို notification ကိုလည်း ပိတ်ထားနိုင်ပါတယ်” လို့ Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒီ feature ကို စမ်းသပ်သုံးစွဲခွင့်ရသူ အရေအတွက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရပေမယ့် သုံးစွဲသူအနည်းငယ်ထံမှာ စမ်းသပ်နေတာဖြစ်တယ်လို့ အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့ပါတယ်။

Comments