Post တစ်ခုအတွင်း ဓာတ်ပုံနဲ့ဗီဒီယို ၁၀ ခု ထည့်သွင်းနိုင်မယ့် feature ကို Instagram ဖြန့်ချိ


Carousel ပုံစံ feature ကြောင့် Instagram သုံးစွဲသူတွေက post တစ်ခုအတွင်းမှာ ဓာတ်ပုံနဲ့ဗီဒီယို ၁၀ ခုအထိ တစ်ပြိုင်နက် ထည့်သွင်းဝေမျှနိုင်ပြီလို့ Instagram က ကြေညာပြောကြား လိုက်ပါတယ်။
ဝေမျှထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို follower တွေက အစဉ်အလိုက် swipe လုပ်ပြီး ကြည့်ရှုနိုင်တယ်လို့လည်း Instagram က ပြောကြားပါတယ်။
ဓာတ်ပုံနဲ့ ဗီဒီယို အများအပြားကို တစ်ပြိုင်နက် upload လုပ်ရန်အတွက် သုံးစွဲသူတွေက photo upload ဧရိယာမှာရှိတဲ့ icon သစ်တစ်ခုကို နှိပ်ရပါမယ်။ အဲ့ဒီနောက် ဓာတ်ပုံတွေကို tap and hold လုပ်ပြီး နေရာအစဉ်အလိုက် ပြောင်းလဲနိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတစ်ခုချင်းစီမှာလည်း filter တွေကို ထည့်သွင်းသတ်မှတ်နိုင်ပါတယ်။
အဲ့ဒီ post တွေမှာ caption တစ်ခုတည်းကိုသာ ထည့်သွင်းနိုင်ပြီး လက်ရှိမှာ စတုရန်းပုံစံ အရွယ်အစားကိုပဲ ထောက်ပံ့ပေးထားတယ်လို့ Instagram က ဆိုပါတယ်။
Instagram ကို iOS App Store ကနေ download ရယူနိုင်ပါတယ်။

Comments