Post တစ်ခုထဲမှာ ဓါတ်ပုံတွေ videoတွေ တင်လို့ရတော့မည့် Instagram Update


Instagram ရဲ့ post တစ်ခုထဲမှာ ဓါတ်ပုံ ၁၀ ပုံနဲ့ videoတွေတင်လို့ ရနေပါပီ။ IOS ရော android ပါ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
Facebook မှ နည်းပညာ လေ့လာပြီး IG ဟာ update version အများအပြားထွက်ရှိထားပါတယ်။ လိုတာထက်ပိုပြီး အသစ်တွေထည့်ထားတာကြောင့် တိုးတက်မှုတွေလည်း ရှိလာပါတယ်။ ဒါ့အပြင် IGဟာ Facebook ပုံစံ ရည်ရွယ်ပြီးထုတ်ထားတာ ဖြစ်သော်လည်း Snapchatနဲ့ ပိုပြီးတူနေပါတယ်။IG နဲ့ပက်သက်ပြီး ဘယ်လိုဘဲ ခံယူသတ်မှတ်ထားပါစေ နောက်ထွက်လာမည့် update version အသစ်ကတော့ IG အမာခံ သုံးစွဲသူတွေကို အံ့သြသွားစေမှာတော့ မလွဲပါဘဲ။

IG အသုံးပြုသူများအနေနဲ့ special accountတွေကနေ ဓါတ်ပုံတွေ shareတာကို သိပြီးလောက်မှာပါ။ အရင်ကတော့ အဲ့လို ဓါတ်ပုံအများကြီး ကို တစ်ချို့ခွင့်ပြုထားတဲ့ account ကနေဘဲတင်လို့ရတာပါ။ အခုတော့ ဘယ်သူမဆို postတစ်ခုထဲမှာ ဓါတ်ပုံတွေအများကြီး တင်လို့ရတော့မှာဘဲဖြစ်ပါတယ်။

Instagramမှာ ကိုယ့်အကြိုက်ပုံအများကြီးထဲကမှ တစ်ပုံတည်းကို ရွေးချယ်စရာ မလိုတော့ဘဲ ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံတွေ အကုန်လုံးကို တင်လို့ရနေပါပီ။ပုံတွေအများကြီး တင်ထားသော်လည်း IG ရဲ့ Instagram feedမှာ ကိုယ်တင်ထားတဲ့ ခေါင်းစဉ်နဲ့ Postတစ်ခုထဲ အဖြစ်မှာ မြင်ရမှာပါ။ ဒါ့အပြင် တင်ထားတဲ့ ပုံတွေမှာ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တွေရေးပြီး တင်နိုင်မှာ ဖြစ်ပြီး horizontal scrolling carousel ပုံစံနဲ့ မြင်တွေ့ ရမှာပါ။
Multiple photosတင်တာကတော့ အရင်ပုံတင်သလို ဘဲဖြစ်ပြီး “SELECT MULTIPLE” iconကိုရွေးပြီး တင်လိုက်ရုံဘဲဖြစ်ပါတယ်။နောက်ပြီး ကိုယ်တင်ချင်တဲ့ ပုံအစဉ်လိုက်အတိုင်း selectလုပ်ပြီး တင်လိုက်ရုံပါဘဲ။ အကယ် orderမှားသွားတယ်ဆိုရင်လည်း နောက်မှ ပြန်ပြင်လို့ ရပါတယ်။ filter(effect)သုံးတဲ့နေရာမှာလည်း တစ်ပုံပြီးတစ်ပုံ (သို့) video တစ်ခုပြီး တစ်ခု အသုံးပြုလို့ရပါတယ်။

Multiple upload feautreဟာ Instagram အတွက်သင့်တော်တဲ့ နည်းလမ်းမှန်တစ်ခုဖြစ်ပြီး အသုံးပြုသူတွေ ပုံပြင်တစ်ပုဒ်ပြောပြသလို postတင်လို့ရတဲ့အတွက် အသုံးဝင်မှာကတော့ အမှန်ပါဘဲ။အသုံးပြုပုံ အညွှန်းတွေကို ပြောပြထားခြင်းက လည်း နည်းလမ်းကောင်းဖြစ်တယ်လို့ Instagramက သူ့ဘာသာ အကြံပြုထားပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ IOS & Android အတွက် IG update ဟာ မကြာခင်မှာဘဲ ထွက်ရှိတော့မှာပါ။ IG update version’s featuresတွေကို သိဖို့မလိုတော့ပါဘူး။ သင်ရော IG update version အတွက်ရင်ခုန်နေပြီလား?

Comments