Redmi Note 4X Hatsune Miku Special Edition ကို Xiaomi မိတ်ဆက်


Xiaomi ရဲ့ Redmi Note 4X Hatsune Miku limited edition စမတ်ဖုန်းကို ဖေဖော်ဝါရီ ၈ ရက်က တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အများပြည်သူထံ ဝေမျှထားတဲ့ အချက်အလက်များအရ အသစ်မိတ်ဆက်ပေးခဲ့တဲ့ စမတ်ဖုန်းဟာ Redmi Note 4 အိန္ဒိယဗားရှင်းနဲ့ တထေရာတည်းတူညီပေမယ့် ဂျပန် hologram pop star ရဲ့ ပရိသတ်များကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ သိရပါတယ်။
အဲ့ဒီ စမတ်ဖုန်းသစ်ကို ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ စတင်ရောင်းချမယ်လို့ဆိုပါတယ်။
ဈေးနှုန်းကိုတော့ ကုမ္ပဏီက ကြေညာခဲ့ခြင်း မရှိပါဘူး။
Redmi Note 4X မှာ ၅.၅ လက်မ Full HD display, Snapdragon 625, 4GB RAM နဲ့ 64GB expandable storage တို့ပါဝင်ပါတယ်။ ဘက်ထရီက 4,100mAh ဖြစ်ပြီး 13MP/5MP ကင်မရာတွေကို အသုံးပြုထား
ပါတယ်။ ကျောဘက်မှာတော့ လက်ဗွေဖတ်စနစ်တစ်ခု ပါဝင်ပါတယ်။
Hatsune Miku Note 4X ကို Hatsune Green, Champagne Gold, Matte Black, Cherry Powder နဲ့ Platinum Silver ဆိုပြီး အရောင်အမျိုးမျိုးနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

Comments