Samsung Galaxy S8 နဲ့ LG G6 စမတ်ဖုန်းတွေ မိတ်ဆက်မယ့် ရက်တွေကို တောင်ကိုရီးယား သတင်းဝက်ဘ်ဆိုက် ETNews ကဖော်ပြခဲ့ပါတယ်။ LG အနေနဲ့ G6 စမတ်ဖုန်းကို မတ်လ ၁၀ ရက်မှာ ကမ္ဘာတစ်ဝန်းမှာ စတင်ရောင်းချ သွားမယ်လို့ သိရပါတယ်။ G6 ကို အကြိုကာလ အနေနဲ့ မတ်လ ၂ ရက်ကနေ ၉ ရက်အထိ စတင်ရောင်းချပေးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Samsung Galaxy S8 ကိုတော့ ဧပြီလ ၂၁ ရက်မှာ ဈေးကွက်အားလုံးအတွက် ရောင်းချပေးမှာ ဖြစ်ပါတယ်။
Samsung အနေနဲ့ ဈေးကွက်အားလုံးအတွက် လိုအပ်ချက်နဲ့ ကိုက်ညီအောင် Galaxy S8 ကို တောင်ကိုရီးယားမှာ တစ်ပတ်စောပြီး ရောင်းချပေးသွားမှာပါ။ အခုသတင်းအချက်အလက်ဟာ တောင်ကိုရီးယားက မိုဘိုင်းကွန်ရက် ထောက်ပံ့သူတစ်ခုက ရာထူးကြီးမားသူ တစ်ဦးဆီက လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Samsung ဟာ Galaxy S8 Plus ကိုလည်း မိတ်ဆက်ဖို့ ရှိနေပါသေးတယ်။
Comments
Post a Comment