Snapchat ရဲ့ မျက်မှန်တွေကို အွန်လိုင်းမှာ ၀ယ်ယူနိုင်ပြီ


Snap ဟာ အမေရိကန်မှာ မျက်မှန်တွေကို အွန်လိုင်းပေါ်မှာ ရောင်းချနေပါပြီ။ ၁၂၉ဒေါ်လာတန် Snapchat နေကာမျက်မှန်တွေဟာ built-in ကင်မရာပါဝင်ပါတယ်။ သူတို့တွေကို ရဖို့ခက်ခဲ့ပါတယ်။ အခုဆိုရင်တော့ နယူးယောက်မှာရှိတဲ့ pop-up ဆိုင်ကို ပိတ်လိုက်ပါပြီ။ အဲဒီအတွက် အံ့အားသင့်စေမယ့်နေရာတချို့မှာ “Snapbots” လို့ခေါ်တဲ့ ရောင်းချပေးမယ့်စက်တွေ ထားရှိသွားမှာလည်း ဖြစ်ပါတယ်။ ၀ယ်ယူသူတွေအနေနဲ့ တစ်အိမ်ထောင်စုကို မျက်မှန်ခြောက်ခုသာ ၀က်ဘ်ပေါ်ကနေ အော်ဒါမှာနိုင်မယ်လို့ ကန့်သတ်ထားပါတယ်။
ဒါဟာ အံ့အားသင့်စရာ ပြောင်းလဲမှုတစ်ခု မဟုတ်ခဲ့ပါဘူး။ Snap ဟာ မျက်မှန်တွေကို ဖြန့်ဖြူးတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေချင်ခဲ့ပါတယ်။ Snapbots တွေဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်ပြီးတော့ သူတို့အနေနဲ့လည်း နိုင်ငံအနှံ့ ရောက်ရှိဖို့ ဈေးမသက်သာပါဘူး။
Snap ရဲ့ SEC ဟာ ကျွန်တော်တို့ကို ကုမ္ပဏီရဲ့ ငွေကြေးပိုင်းဆိုင်ရာတွေကို ကြည့်ရှုခွင့်ပေးခဲ့ပါတယ်။ လေ့လာသူတွေ မျှော်လင့်ထားသလိုပါပဲ။ အရေအတွက်တွေကတော့ မနည်းမနောပါပဲ။ မျက်မှန်တွေဟာ Snap ကို ငွေအမြောက်အများမပေးနိုင်ပေမယ့်လည်း အခုဆိုရင်တော့ အွန်လိုင်းပေါ်မှာ ရရှိနေပါပြီ။ ဒါပေမယ့် အနည်းငယ်တော့ အကူညီပေးနိုင်မှာပါ။

Comments