Snapdragon 430 နဲ့ 625 ပါဝင်တဲ့ Moto G5 နဲ့ G5 Plus


အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ Moto G ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Moto G5 နဲ့ Moto G5 Plus ကို Lenovo/Motorola က မိတ်ဆက်ပြသ ခဲ့ပါတယ်။ အဲ့ဒီ စမတ်ဖုန်းနှစ်ခုရဲ့ဒီဇိုင်းဟာ တူညီပြီး သတ္တုနဲ့ ဖန်တီးတည်ဆောက် ထားပါတယ်။
Motorola Moto G5

Moto G5 မှာ ၅ လက်မ FullHD IPS display နဲ့ Gorilla Glass 3 ကို အသုံးပြုထားပါတယ်။ Snapdragon 430 chipset နဲ့အတူ 1.4GHz octa-core processor နဲ့သုံးနိုင်ပါတယ်။ RAM က 2GB ဖြစ်ပြီး storage ကို 16GB ဒါမှမဟုတ် 32GB နဲ့ရရှိနိုင်ပါတယ်။ ဗားရှင်းနှစ်မျိုးစလုံးမှာ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။
ပင်မကင်မရာက 13MP f/2.0 ဖြစ်ပြီး phase-detect autofocus နဲ့ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာက wide-angle 5MP f/2.2 ဖြစ်ပါတယ်။ Display ရဲ့ အောက်ဘက်မှာ လက်ဗွေဖတ်စနစ်တစ်ခုပါဝင်ပါတယ်။
ဘက်ထရီက 2,800mAh ပါ။ အရွယ်အစား ၁၄၄.၃ x ၇၃ x ၉.၅ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၄၄ ဂရမ် ဖြစ်ပါတယ်။
Motorola Moto G5 Plus

Moto G5 Plus မှာတော့ ၅.၂ လက်မ display နဲ့ octa-core 2GHz chipset ပါဝင်တဲ့ 14nm Snapdragon 625 ကို အသုံးပြုထားပါတယ်။ RAM နဲ့ storage ဗားရှင်းအမျိုးမျိုးနဲ့ ရရှိနိုင်ပြီး 2GB နဲ့ 4GB RAM အပြင် 32GB, 64GB storage တို့နဲ့ ရရှိနိုင်ပါတယ်။ သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။
G5 Plus ရဲ့ ပင်မကင်မရာက 12MP dual-pixel sensor f/1.7 ဖြစ်ပါတယ်။ Moto G5 နဲ့မတူတာက 4K ဗီဒီယို ရိုက်ကူးနိုင်တာပါ။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပါတယ်။ G5 Plus မှာ အရွယ်ပိုကြီးတဲ့ ဘက်ထရီ ပါဝင်ပြီး 3,000mAh ဘက်ထရီကို TurboPower အားသွင်းစနစ်နဲ့ သုံးနိုင်ပါတယ်။ အရွယ်အစားက ၁၅၀.၂ x ၇၄ x ၉.၇ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၅၅ ဂရမ်ဖြစ်ပါတယ်။
Moto G5 ကို မတ်လအစောပိုင်းမှာ လက်တင်အမေရိက၊ ဥရောပ၊ အာရှပစိဖိတ်နဲ့ မြောက်အမေရိကတို့မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက 2GB/16GB အတွက် ၁၉၉ ယူရို ဖြစ်ပါတယ်။ Moto G5 Plus ကိုတော့ 2GB/32GB အတွက် ၂၂၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments