Sony Xperia XZ Premium


ဒီရက်ပိုင်း MWC 2017 မှာမိတ်ဆက်ခဲ့သမျှ စမတ်ဖုန်းအသစ်တွေထဲမှာအကောင်းဆုံးလို့သတ်မှတ်ရမယ့် စမတ်ဖုန်းကတော့ Sony ရဲ့ Xperia XZ Premium စမတ်ဖုန်းပါပဲ။ ကမ္ဘာ့ပထမဆုံးအနေနဲ့ (3840×2160 pixel, High Dynamic Range) အရည်အသွေးရှိပြီး ရုပ်ထွက်အလွန်ကိုကြည်လင်ပြတ်သားလွန်းတဲ့ 4k HDR Display ကိုတပ်ဆင်အသုံးပြုထားတဲ့စမတ်ဖုန်းဖြစ်သလို ၊ Snapdragon ရဲ့နောက်ဆုံးထွက် အဆင့်မြင့် Processor ဖြစ်တဲ့ Snapdragon 835 Processor ကိုပထမဆုံးအသုံးပြုထွက်ရှိလာတဲ့ စမတ်ဖုန်းဖြစ်ခဲ့ပါပြီ။

Sony Xperia Z5 premium မှာတုန်းကလည်း 4K Display ကိုအသုံးပြုခဲ့ပေမယ့် ယခု Sony Xperia XZ Premium ရဲ့ 4K HDR Display ကို Amazon ရဲ့ 4K HDR Content ပိုင်းနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပြီး 4K HDR Display ရဲ့ HDR element တွေဟာအရောင်ဖော်စပ်မှုနဲ့ရုပ်ထွက်ဖော်ပြမှုပိုင်းမှာ တကယ်ကိုအံ့အားသင့်ဖွယ်ရာကောင်းမွန်တာကြောင့် XZ Premium စမတ်ဖုန်းရဲ့ 4K HDR Displayဟာ Z5 Premium စမတ်ဖုန်းတုန်းက 4K Display ထက်အပြတ်သာလွန်ပါတယ်။ 

Sony ရဲ့ Camera Sensor တွေက မိုဘိုင်းကင်မရာလောကမှာတော့ပြိုင်ဘက်မရှိလောက်အောင်ကောင်းမွန်တဲ့အတွက် တခြားနာမည်ကြီးဖုန်းကုမ္ပဏီတွေအားလုံးနီးပါးက၎င်းတို့ရဲ့စမတ်ဖုန်းတွေမှာ Sony Sensor များကိုသာဝယ်ယူတပ်ဆင်အသုံးပြုကြပါတယ် ။ ဒါဆို Sony ရဲ့ကိုယ်တိုင်ထုတ် Xperia XZ Premium စမတ်ဖုန်းရဲ့ကင်မရာအနေအထားကတော့အလွန်ကောင်းမွန်မယ်ဆိုတာ ထူးထွေညွှန်းစရာတောင်လိုမယ်မထင်တော့ပါဘူး ။ Sony Xperia XZ Premium မှာ Motion Eye လို့ခေါ်တဲ့ ကင်မရာစနစ်ပါဝင်ပါတယ် ။ ဒီစနစ်ဟာ 960 frames per second နှုန်းနဲ့ Super slow motion အနေအထားကို 720p အရည်အသွေးနဲ့ရိုက်ကူးနိုင်စေမှာပါ။ ၁ စက္ကန့်အချိန်ကာလအတွင်းမှာဖြစ်ပျက်သမျှအနေအထားတွေကိုအသေးစိတ်ပုံရိပ်များစွာဖမ်းယူမယ့်အနေအထားပါပဲ ။

အဲဒီဖုန်းမှာ 19 MP အနောက်ကင်မရာနဲ့13 MP အရှေ့ကင်မရာပါဝင်ပါတယ်။ XZ Premium ဟာ Sony ကကြေညာထားတဲ့ memory stacked ExmorRS sensor ပါဝင်တဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ သူဟာ ပုံတွေကိုရိုက်ကူးတဲ့အချိန်မှာ သာမန်ထက် ၅ဆ ပိုမြန်ဆန်စေပါတယ်။ ကင်မရာမှာ Anti-distortion shutter ကို Triple image sensing နည်းပညာနဲ့အတူ တွေ့နိုင်ပြီး Predictive Hybrid Autofocus နဲ့ SteadyShot ကို 5-axis stabilization နဲ့ ခံစားအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့ရှေ့ဘက်ခြမ်းနဲ့နောက်ဘက်ခြမ်းကိုအပွန်းအစင်းဖြစ်မှုဒဏ်ကိုအလွန်ခံနိုင်တဲ့ Gorilla Glass 5 မှန်အမျိုးအစားနဲ့ကာကွယ်ထားပါတယ်။ ရေစိုခံစမတ်ဖုန်းဖြစ်ပြီး ဖုန်သဲနဲ့အမှုန်တွေလုံးဝမဝင်အောင်ကာကွယ်ပေးထားပါတယ် ။ RAM 4GB , internal memory 64GB ပါဝင်ပါတယ်။ screen size ကတော့ ၅.၅ လက်မဖြစ်ပါတယ်။ Battery အနေနဲ့ 3230 mAh Battery ပါဝင်ပြီး အမြန်အားသွင်းစနစ် quickcharge 3.0 ပါဝင်ပါတယ်။ ဖုန်းရဲ့ System ပိုင်းအနေနဲ့ Android 7.1 Nougat ကိုအသုံးပြုထားပါတယ်။

Sony Xperia XZ Premium ကို Luminous Chrome, Deepsea Black စတဲ့အရောင် ၂ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ် ။ XZ Premium စမတ်ဖုန်းကို ၂၀၁၇ သြဂုတ်လနောက်ပိုင်းမှစတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုတော့မသိရသေးပါဘူး ။

### Credit Myanmar Mobile App...###

Comments