SSD Harddisk ကို 2TB အထိ တိုးမြှင့် အသုံးပြုနိုင်မယ့် Ultra Slim Notebook


Onda အမှတ်တံဆိပ် Ultra Slim Notebook အသစ်တစ်မျိုးဖြစ်ပါတယ်။ မျက်နှာပြင် ၁၄.၁ လက်မ ကျယ်ဝန်းပြီး 1080P 4K Resolution ပါရှိပါတယ်။ CPU ကတော့ Quad Core 1.1 - 2.2 Ghz ပါရှိတဲ့ Intel Apollo Lake Celeron N3450 ကို အသုံးပြုထားပါတယ်။
RAM 4GB ပါရှိတဲ့ DDR3L ကို ထည့်သွင်းပေးထားပါတယ်။ Storage ကို 64 GB ထည့်သွင်းထားပြီး External Memory Card Slot ပါရှိတာကြောင့် TF Card 256 GB (သို့) SSD Hard Disk 2TB အထိ တိုးမြှင့် အသုံးပြုနိုင်ပါတယ်။ မျက်နှာပြင်ကို IPS Screen အသုံးပြုထားပြီး 4K Pixel Resolution အထိ ရရှိမယ့်အပြင် 2.0 MP Webcam ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Bluetooth 4.0, Wireless 2.4G+5G စတဲ့ Network တွေအသုံးပြုနိုင်ပါတယ်။ TF Card Slot, USB Port 3.0 x 2 port, Mini HDMI slot, DC Jack port, 3.5mm Headphone Jack port အစရှိ port တွေပါရှိမှာ ဖြစ်ပါတယ်။ Li-ion Battery 7.6V/ 38Wh ထည့်သွင်းထားပြီး အားသွင်းချိန် ၂ နာရီ မှ ၃ နာရီသာ လိုအပ်မှာဖြစ်တဲ့အပြင် ၄ နာရီ မှ ၅ နာရီ ဝန်းကျင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန် ၁.၃၅ ကီလိုဂရမ် ရှိပြီး ၂.၁၅ စင်တီမီတာ အထူရှိမှာပါ။
Windows 10 ကို ထည့်သွင်းပေးထားပြီး ဈေးနှုန်း ၃၃၆,၀၀၀ ကျပ်နဲ့ T-Land Myanmar ဖုန်း ၃၈၂၈၆၈၊ ၃၉၂၄၃၁ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Comments