System.img ကိုပြင်ပီးမြန်မာစာထည့်တဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
One Click တွေနဲ့လည်းထည့်သွင်းနိုင်ပေမဲ့ ဒီနည်းလမ်းလေးကတော့ ပညာသားပါတာပေါ့ဗျာ။
လေ့လာလိုရင်တော့ ဆက်ဖတ်ကြည့်ပါ။
ပထမဆုံး လိုအပ်တာလေးကို ရယူထားပါ။
ပီးရင်တော့ ကိုယ်လုပ်မယ့်ဖုန်းကို firmware backup ယူပါ….
ခုကျနော်ပြောမယ့်နည်းက mtk တွေအတွက်ပဲအဆင်ပြေမှာပါ…..
Mtk ဆိုတော့ CM2 သို Miracle နဲ့ backup ယူပါ..
Backup ယူထားတဲ့ထဲက system.img ကို download ဆွဲထားတဲ့ folder ထဲထည့်လိုက်ပါ…
ပီးရင် shift + right click နဲ့ open command windiws here ပေါ့
Command စရိုက်ပါမယ်…
Imgextractor system.img
သူ့သူဖြည်နေပါလိမ့်မယ်….
ပီးရင်တော့ system_ ဆိုတဲ့ folder ကိုတွေ့ရပါလိမ့်မယ်…..
မြန်မာစာထည့်မယ်ဆိုတော့
system/fonts/ ထဲကိုသွားပီး
Notosans လေးဖိုင်နေရာမှာ zawgyi နဲ့အစားထိုးပေးလိုက်ပါ….ဖိုင်နာမည်တော့တူပါစေ Notosan တွေရဲ့နာမည်အတိုင်းဖြစ်ရပါမယ်….
ပီးရင် backup ယူထားတဲ့အထဲက boot.img ကိုယူလိုက်ပါ boot.img ကို tool တခုခုနဲ့ဖြည်လိုက်ပါ…ရလာတဲ့အထဲမှာ file_contexts ဆိုတဲ့ဖိုင်တွေ့ပါလိမ့်မယ်…
Copy ကူးပီး download ဆွဲထားတဲ့ folder ထဲထည့်ပါ…
အကုန်လုံးပီးရင် system.img ကိုပြန်ပေါင်းပါမယ်
Download ဆွဲထားတဲ့ folder ထဲမှာ shift + right click
command စရိုက်ပါမယ်….
make_ext4fs -s -T -1 -l <size> -a /system -s -S file_contexts_ system.img system_
အဲနေရာမှာ <size> ဆိုတဲ့နေရာတွေ့ပါလိမ့်မယ် ဒီနေရာမှာထည့်ရမှာက ကိုယ် create လုပ်လိုက်တဲ့ system.img ရဲ့ size ကိုထည့်ရပါလိမ့်မယ်…
နည်းနည်းသတိထားရပါလိမ့်မယ်…အရေးကြီးတဲ့နေရာပါ….size ထည့်တာမှားရင် create လုပ်မရတာ နောက်ပီး create လုပ်လို့ရရင်လည်း ဖုန်းထဲပြန်ထည့်မရတာ
Logo ရပ်သွားတာတွေဖြစ်နိုင်ပါတယ်….
Backup လုပ်ထားတဲ့ original system.img ရဲ့ size ကိုကြည့်ပါ…ဖြည်ထားတဲ့ system_ ဆိုတဲ့ folder size ကိုကြည့်ပါ…..
မူရင်း back system.img ရဲ့ size ထက်ကြီးလို့မရသလို… system_ ဖိုဒါရဲ့ size အောက်သေးလို့မရပါဘူး…
ကျနော်လုပ်တဲ့ဖုန်းမှာက backup လုပ်ထားတဲ့ size က
1.75 G ပါ system_ ဖိုဒါရဲ့ size က 1.35G ပါ
အဲတော်ကျနော်က 1.5G ယူလိုက်ပါတယ်…
size ကိုရိုက်ရာမှာ M သို့ G သို့ byte နဲ့သုံးလို့ရပါတယ်
1.5GB ဆိုတော့ 1536M ပေါ့ အဲလိုဆို command က
make_ext4fs -s -T -1 -l 1536M -a /system -s -S file_contexts_ system.img system_
အဲလိုဖြစ်သွားပါတယ်။ Enter ခေါက်လိုက်ရင် system.img ကိုပြန်ပေါင်းနေပါလိမ့်မယ်….
ပီးသွားရင်တော့ နဂို system.img နေရာမှာ ကိုယ်ပြင်ထားတဲ့ system.img ကိုရပါလိမ့်မယ်…..
Fastboot ကနေ flash မလား.
Flashtool ကနေထည့်မလား..ကြိုက်တာလုပ်ပေါ့…
Clone mtk တွေက bootloader lock နဲ့လာပေမယ့်
တော်နော်များများက fastboot ဝင်
fastboot oem unlock လုပ်ရင် unlocked ဖြစ်သွားတာများပါတယ် အဲတော့ unlock လုပ်
fastboot ကနေ flash ပေါ့…..
ကိုယ်လုပ်လိုက်တဲ့ system.img အဆင်မပြေရင်လဲ fastboot ကနေ flash ရာမှာ error တက်ပါလိမ့်မယ်။ အဲလိုဆိုအစကနေ သေချာပြန်လုပ်ကြည့်ပါ…..
Comments
Post a Comment