Uber, Nintendo နဲ့ Starbucks တို့ကို hack ရန် တရားဝင်ခွင့်ပြု


သူတို့ software ကိုအပြစ်ရှာဖို့ Hacker တွေကိုငွေပေးခိုင်းစေတဲ့ HackerOne ဆိုတဲ့ marketplace တစ်ခုဟာ Dragoneer Investment Group ကဦးဆောင်ပြီး နောက်ထပ် $40 million ကို venture capital funding မှာ မြှင့်တင်လိုက်ပါပြီ။ HackerOne ကဘာလုပ်လဲဆိုတာရဲ့ meaning ကတော့ “bug bounties” တွေကိုပေးတယ်လို့ဆိုလိုတာပါ။ Google, Apple, Microsoft, နဲ့ United Airlines လိုမျိုး tech-y company တွေက professional hacker တွေကိုနှစ်စဉ်နှစ်တိုင်းငွေပေးလေ့ရှိပေမဲ့ ဒီလောက်မများပါဘူး။ CEO Marten Mickos ကပြောတာတော့ HackerOne က သူ့သက်တမ်းငါးနှစ်တာတွင်းမှာ $14 million သုံးခဲ့ပြီး ၂၀၁၆ မှာ ယင်းငွေရဲ့ တစ်ဝက်ကိုအသုံးပြုခဲ့တဲ့ အကြီးဆုံး platform ဖြစ်ပါတယ်တဲ့။ Nintendo, Uber, Starbucks နဲ့ GM တို့ဟာ Hacker ပေါင်း 100,000 ရှိတဲ့ HackerOne နဲ့ ချိတ်ဆက်ထားပါတယ်။ ကျွန်တော်တို့က အရည်အချင်းရှိတဲ့ agency ပါ။ နှစ်အနည်းငယ်အတွင်းမှာ အသုံးပြုသူတွေ သန်းချီလာပါလိမ့်မယ်လို့ Mickos ကနောက်ပြောင်ခဲ့ပါတယ်။ Bounties ကတော့ $100 နဲ့ $30,000 ကြားပျမ်းမျှ $500 ပါလို့လဲပြောခဲ့ပါသေးတယ်။ ဒီငွေနဲ့ HackerOne က hacker တွေက သူတို့အမေအတွက် အိမ်ဝယ်ပေးဖို့နဲ့ ညီမတွေအတွက်ကားဝယ်ပေးနိုင်လာပြီး ပိုကောင်းတဲ့ဘဝကိုရရှိလာမှာပါ။ Mark Litchfield ဆိုတဲ့ အတွေ့အကြုံရှိတဲ့ security consultant ဟာ HackerOne bounties ကနေ$500,000ကို ၂ နှစ်အတွင်းမှာ ရခဲ့ပါတယ်။ အတွေ့အကြုံနည်းတဲ့လူတွေအတွက်လဲ အခွင့်အရေးတွေရှိပါတယ်လို့ Mickos ကပြောခဲ့ပါသေးတယ်။ HackerOne ကအမြတ်တော့မရသေးပေမဲ့ အင်အားကြီးမားစွာ ခြေလှမ်းနေပါတယ်လို့လဲ ပြောခဲ့ပါတယ်။ Mickos CEO မဖြစ်ခင်ကတည်းက HackerOne မှာ ၂၀၁၅ တုန်းကမြှင့်ခဲ့တဲ့ $25 million ကရှိနေပြီးပါပြီ။ သူ CEO ဖြစ်တဲ့အချိန်မှာတော့ capital ကိုမြန်မြန်တက်မှာ ဖြစ်သော်လဲ HackerOne ကမှန်ကန်တဲ့ လမ်းကြောင်းတိုင်းဆက်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။ Mickos က သူ့ company ၂ ခုကိုရောင်းခဲ့ပေမဲ့ HackerOne ကိုတော့ အချိန်ကြာကြာလုပ်ဆောင်သွားမယ်လို့လဲ ပြောခဲ့ပါသေးတယ်။ သူ့အစီအစဉ်က ဥရောပတလွှားပျံ့နှံ့ဖို့ပါပဲ။ သူ့ရဲ့စိတ်ဝင်စားမှုက ဆယ်ကျော်သက် Hacker တွေကို မြေတောင်မြှောက်ပေးဖို့ပါပဲ။

Comments