Xiaomi အနေနဲ့ ဘာစီလိုနာမြို့တွင် ကျင်းပမယ့် Mobile World Congress ပြပွဲမှာ ထုတ်ကုန်သစ် မိတ်ဆက်ဖို့ ဖြစ်နိုင်ချေနည်းပါး ပါတယ်။ Xiaomi ကအသစ်မိတ်ဆက်မယ့် ဖုန်းမှာ Qualcomm ပရိုဆက်ဆာအစား Pinecone Soc ကိုအသုံးပြုဖို့ရှိပါတယ်။
Pinecone အသုံးပြုထားတဲ့ ပထမဆုံး စီးပွားဖြစ်စမတ်ဖုန်းကို မတ်လမှာ မိတ်ဆက်ဖို့ရှိပါတယ်။ ဖုန်းရဲ့ ယာယီအမည်က “Meri” ဖြစ်ပါတယ်။ ဖုန်းမှာ ၅.၅လက်မ Full HD display အသုံးပြုဖွယ်ရှိသလို အလယ်အလတ်ဖုန်းတစ်လုံးရဲ့ feature တွေလည်း ပါဝင်လာဖို့ရှိပါတယ်။
နာမည်ကျော် benchmark database တစ်ချို့ကတော့ “Meri” ဖုန်းကို Xiaomi Mi 5c အဖြစ်ဖော်ပြထားပြီ ဖြစ်ပါတယ်။ ၎င်းဖုန်းမှာ Xiaomi ကိုယ်တိုင် တိုးတက်အောင် လုပ်ဆောင်ထားတဲ့ Pinecone octa-core ပရိုဆက်ဆာ ပါဝင်ပါတယ်။ Pinecone မှာ 1.4 GHz Cortex A53 CPU လေးခုနဲ့ မြန်ဆန်တဲ့ 2.1 GHz A53 လေးခုတို့ပါဝင်ပါတယ်။ အဲဒီ chipset ကို RAM 3GB အပြင် Mali-T860 GPU နဲ့လည်း ပေါင်းစပ်ထားပါတယ်။
Mi 5c ရဲ့အသေးစိတ် အချက်အလက်တွေကို Geekbench စွမ်းဆောင်ရည် ရလဒ်တွေမှာ အပြည့်အစုံဖော်ပြထားပါတယ်။ Xiaomi Mi 5c ရှေ့ပြေးပုံစံ ဖုန်းတွေမှာ Android 7.1.1 သုံးစွဲထားပြီး 64GB internal storage ပါဝင်လာပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက် 12MP နဲ့ ရှေ့ဘက် 8 megapixel တို့ဖြစ်ပါတယ်။
Comments
Post a Comment