Xperia XZ စွမ်းဆောင်မှုများ
အသစ်ထွက်ရှိလာတဲ့ Sony Xperia XZ Model ရဲ့ Feature အလန်းလေးများကိုဖော်ပြပေးလိုက်ပါတယ်။
Camera
Main Camera ကို 23 MP နဲ့ ထုတ်လုပ်ထားပြီးတော့ Front Camera ကို 13 MP နဲ့ ထုတ်လုပ်ထားတဲ့အတွက်
ရုပ်ထွက်ပိုင်းတွေမှာပြောစရာမရှိအောင် အပြတ်အသတ် ကောင်းမွန်နေမှာဖြစ်ပါတယ်
 Memory 
Memory အပိုင်းမှာလည်း internal storage ကို 32GB နဲ့  64 GB ထုတ်လုပ်ပေးထားပါတယ် ဒါ့အပြင်
SD Card ကိုလည်း 256GB အထိ ထည့်သွင်းနိုင်တာကြောင့်မို့ လို့  သီချင်းတွေ Video တွေ အသုံးများတဲ့သူတွေ
အတွက်တော့ အကြိုက်ဖြစ်စေမှာပါ
RAM
Ram အပိုင်းမှာတော့ နှစ်မျိုးစလုံးကို 3 GB နဲ့ ထည့်သွင်းထားတဲ့အတွက် မြန်ဆန်စွာနဲ့  အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်
Body
Body အပိုင်းမှာတော့  အရွယ်အစား 5.2 inches နဲ့  ထုတ်လုပ်ထားပြီး Display ကိုလည်း
ရေစိမ်ခံဖြစ်ပါတယ် ။ Finger Print Sensor ကိုလည်း ဘေးတဘက်တွင် ပါဝင်တဲ့ Power Button မှာတင်
ထည့်သွင်းထားတဲ့အတွက် အလွယ်တကူ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ် ။
Chipset 
Chipset အပိုင်းမှာတော့ Qualcomm Snapdragon 820 အမျိုးအစားကို ယူသုံးထားတဲ့အတွက် ဖုန်း အတွင်းပိုင်း
မှာ မြန်ဆန်စွာ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ် ။
Sound 
noise cancellation Function ကိုအသုံးပြုထားတဲ့အတွက် အသံထွက်ကောင်းမွန်မယ်ဆိုတာ သိပြီးသား
ဖြစ်မှာပါ ။
Battery
Battery အပိုင်းမှာလည်း 2900 mAh ကိုအသုံးပြုထားတဲ့အတွက် အားကြာရှည်စွာခံနိုင်အောင် ပြုလုပ်ပေးထားပါတယ်
ဒါ့အပြင် အားသွင်းရာမှာလည်း Quick Charge 3.0 ကို ထည့်သွင်းပေးထားတော့ မြန်ဆန်စွာ အားဖြည့်ပေးနိုင်မှာ
ဖြစ်ပါတယ်။
OS Version
Android Version အပိုင်းမှာတော့ ထွေထွေထူးထူးပြောစရာမလိုအောင် Android Version 6.0 ကနေ စတင်
ထုတ်လုပ်ပေးထားပြီးတော့ အသစ်ထွက်ရှိလာတဲ့ Android Version 7.0 ကိုလည်း မြှင့်တင်နိုင်တဲ့ အပြင်
Singapore အလုံးများအတွက် Android Version 7.0 မှာ မြန်စာ Display Font Built-in ထည့်သွင်းပေးထား
တာကိုမြင်တွေ့ ရမှာပဲဖြစ်ပါတယ် ။
ခြုံငုံသုံးသပ်ချက်
ကင်မရာ , OS Version , Finger Print One Touch စနစ်တွေနဲ့  ထုတ်လုပ်ထားတဲ့အတွက် အသုံးပြုသူတွေ
အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မယ့်ဖုန်းလေး ဖြစ်တယ်ဆိုတာဖော်ပြပေးလိုက်ပါတယ် ။
Comments