ကမ္ဘာ့ပထမဆုံး 5x Dual Camera Zoom ကို OPPO မိတ်ဆက်ပြသ


Mobile World Congress 2017 ကို တက်ရောက်ခဲ့တဲ့ OPPO ဟာ ဖုန်းအသစ်တွေကို မကြေညာခဲ့ပေမယ့်လည်း 5x Dual Camera Zoom လို့ခေါ်တဲ့ စမတ်ဖုန်း ကင်မရာနည်းပညာ တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။
5x Dual Camera Zoom မှာ သီးခြားအစိတ်အပိုင်း ၅၀ ကျော်ပါဝင်ပြီး ၅.၇ မီလီမီတာ module တစ်ခုမှာ အစီအရီဆင့်ထားပါတယ်။ ပရစ်ဇမ်တစ်ခုကနေတစ်ဆင့် စမတ်ဖုန်းအတွင်းက telephoto lens တစ်ခုထံ အလင်းလမ်းကြောင်းပြောင်းလဲဖို့အတွက် ပယ်ရီစကုပ်ပုံစံ setup တစ်ခုကို အသုံးပြုထားပါတယ်။ ဒါကြောင့် အရည်အသွေးဆုံးရှုံးမှုမရှိစေဘဲ 5x zoom နဲ့ ဓာတ်ပုံရိုက်ကူးနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီရဲ့ဖုန်းတွေမှာ အဲ့ဒီကင်မရာ နည်းပညာသစ် အသုံးပြုမယ့်အချိန်ကိုတော့ OPPO က မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီရဲ့ အထင်ကရစမတ်ဖုန်းပေါ်မှာ 5x Dual Camera Zoom စနစ်ကို အသုံးပြုသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
OPPO ဟာ အရင်ကလည်း တီထွင်ဆန်းသစ်တဲ့ ကင်မရာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ပထမဆုံး 5MP အရှေ့ဘက်ကင်မရာကို OPPO Ulike 2 မှာ အသုံးပြုခဲ့ပါတယ်။ OPPO N1 က 206-degree လှည့်နိုင်တဲ့ ကင်မရာပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်သလို OPPO F1 Plus ကလည်း 16MP အရှေ့ဘက် ကင်မရာပါတဲ့ ကမ္ဘာ့ပထမဆုံးဖုန်း ဖြစ်ပါတယ်။

Comments