ရက်ပ်သီချင်း ရေးစပ်နိုင်တဲ့ AI စနစ်ကို အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ဖန်တီး


ဇာတ်ညွှန်းတွေရေးသားပြီး သီချင်းတွေရေးစပ်နိုင်တဲ့ artificial intelligence (AI) နည်းပညာဟာ ယခုအခါ ရက်ပ်သီချင်းတွေကိုပါ ဖန်တီးရေးစပ်နိုင်တယ်လို့ သိရပါတယ်။

West Virginia က အသက် ၁၇ နှစ်အရွယ် Robbie Barrat ဆိုသူဟာ Kanye West ရဲ့ သီချင်းစာသား ၆,၀၀၀ ကျော်ထည့်သွင်းပြီး ကိုယ်ပိုင်ရက်ပ် စာသားတွေ ရေးသားနိုင်တဲ့ bot တစ်ခုကို ဖန်တီးခဲ့ပါတယ်။

အဲ့ဒီ digital MC ကို open-source software နဲ့ laptop တစ်လုံး အသုံးပြုပြီး ဖန်တီးခဲ့တာပါ။ သီချင်းသစ်တွေ ဖန်တီးဖို့အတွက် Kanye West ရဲ့ သီချင်းစာသားတွေကို ပြင်ဆင်ပြောင်းလဲခဲ့ပြီး တစ်ပတ်အကြာမှာတော့ အဲ့ဒီ AI က မူရင်းရက်ပ် စာသားတွေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် AI စနစ်တွေကို သုတေသန ပြုလုပ်ဖို့အတွက်ပဲ ဖန်တီးကြပါတယ်။ ဒါပေမဲ့ AI တွေက လူတွေထက် လုပ်ငန်းတာဝန်တွေကို ပိုကောင်းအောင် လုပ်ဆောင်နိုင်တာနဲ့ ပတ်သက်ပြီး အထက်
တန်းကျောင်း ပရိုဂရမ်မာ အသင်းမှာ ငြင်းခုံဆွေးနွေးခဲ့ပြီးနောက် Barrat က ရက်ပ်သီချင်းရေးစပ်နိုင်တဲ့ bot ကို တစ်ပတ်အတွင်း ဖန်တီးခဲ့တာ ဖြစ်တယ်လို့ Quartz က ဖော်ပြခဲ့ပါတယ်။

အနီးဆုံး နည်းပညာစင်တာနဲ့ မိုင်များစွာကွာဝေးတဲ့ West Virginia က မွေးမြူရေးခြံတစ်ခြံမှာ နေထိုင်တဲ့ Barrat ဟာ code ရေးဖို့အတွက် ကိုယ်တိုင်လေ့လာ သင်ကြားခဲ့ပြီး ပရောဂျက်ပြီးဆုံးဖို့အတွက် open-source software နဲ့ ကိုယ်ပိုင် Linux laptop ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Barrat ဟာ Google ရဲ့ TensorFlow အသုံးပြုပုံကို လေ့လာနေပေမယ့်လည်း neural network ကို လေ့ကျင့်ဖို့အတွက် PyBrain ကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

“အရင်က ရှိပြီးသားရက်ပ် စာသားတွေကိုပဲ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ တစ်လုံးချင်းစီ ရေးသားနိုင်ပါပြီ” လို့ Barrat က ပြောကြားခဲ့ပါတယ်။

Comments