Android O ရဲ့ Autofill feature ကို 1Password ဖန်တီးသူ AgileBits စမ်းသပ်နေ

ပထမဆုံးထွက်ရှိလာတဲ့ Android O Developer Preview ရဲ့ feature သစ်တွေထဲမှာ Autofill feature လည်း အပါအဝင် ဖြစ်ပါတယ်။ Developer တွေအနေနဲ့ Autofill API တွေကို app တွေမှာထည့်သွင်းနိုင်
တာကြောင့် သုံးစွဲသူတွေက လုံခြုံမှုရှိဖို့လိုအပ်တဲ့ လိပ်စာတွေ၊ username တွေနဲ့ password တွေကို အလိုအလျောက် ဖြည့်စွက်သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။
နာမည်ကျော် password manager တွေထဲကတစ်ခုဖြစ်တဲ့ 1Password ကိုဖန်တီးသူ AgileBits ဟာ Android O မှာပါဝင်တဲ့ Autofill feature သစ်တွေကို စမ်းသပ်နေပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေက Twitter မှာ အလျင်အမြန် log in လုပ်နိုင်ဖို့အတွက် 1Password ရဲ့ Autofill API တွေ အသုံးပြုနိုင်ပုံကို ဗီဒီယိုတစ်ခုနဲ့ ပြသခဲ့ပါတယ်။
အဲ့ဒီဗီဒီယိုမှာ Twitter login စာမျက်နှာပေါ်လာတဲ့အခါ 1Password က Android O ရဲ့ Autofill Framework နဲ့ အလိုအလျောက်ချိတ်ဆက်ပုံကို ပြသထားပါတယ်။ 1Password ဟာ username နဲ့ password အချက်အလက်ကို သိမ်းဆည်းဖို့အတွက် သုံးစွဲသူရဲ့ လက်ဗွေကို တောင်းဆိုပါတယ်။ Autofill Framework ကနေတဆင့် သုံးစွဲသူရဲ့ email ပေါ်လာပြီး အဲ့ဒါကိုနှိပ်လိုက်တဲ့အခါမှာ username နဲ့ password ကို အလိုအလျောက်ဖြည့်စွက်ပေးမယ်လို့ သိရပါတယ်။

Comments