ရန်ကုန်ကွန်ပျုတာပညာရှင်အသင်းက ဖွင့်မယ့် Basic Wireless Networking သင်တန်း


ရန်ကုန်ကွန်ပျုတာပညာရှင်အသင်းက Basic Wireless Networking သင်တန်းကိုဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
Wireless Networking နည်းပညာရပ်တွေကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပြီး မတ် ၂၅ ရက်နေ့ စတင်မယ်လို့ သိရပါတယ်။ Networking အခြေခံသိရှိထားသူ တွေတက်ရောက်နိုင်မှာဖြစ်ပြီး စာတွေ့အပြင် လက်တွေ့ပိုင်း ဦးစားပေးသင်ကြားမယ်လို့ ဆိုပါတယ်။ ဧပြီ ၂ ရက်နေ့ သင်တန်းပြီးဆုံးမှာဖြစ်ပြီး စနေ၊ တနင်္ဂနွေ နေ့တိုင်း နေ့လည် တစ်နာရီကနေ ညနေ ငါး နာရီအထိလို့ သိရပါတယ်။
သင်တန်းကြေးက ခုနစ်သောင်းကျပ် ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းထံမေးမြန်းနိုင်တယ်လို့သိရပါတယ်။

Comments