လစဉ်ကြေးဖြင့်ဗေဒင် ဟောစာတမ်းများကို ဖတ်ရှုနိုင်မယ့် ယနေ့ ကံကြမ္မာ Baydin App


ဗေဒင်ဝါသနာပါသူများအတွက် မိုဘိုင်းဖုန်းမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ယနေ့ ကံကြမ္မာ Baydin Application မိတ်ဆက်ပွဲကို မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲမှ ညနေ ၄ နာရီထိ Orchid Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီ App ထဲမှာ ဗေဒင်ဆရာမင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)ရဲ့ ဟောကြားချက်တွေ ပါဝင်မှာဖြစ်ပြီး အချစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ဂဏန်းဗေဒင်၊ ရာသီခွင် နဲ့ နေ့စဉ်ဟောစာတမ်းတွေကို ဖတ်ရှု နိုင်မှာဖြစ်ပါတယ်။ App ကိုအသုံးပြုလိုသူတွေ အတွက် တစ်လလုံးအတွက် ၁၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး အပတ်စဉ်အသုံးပြုလိုသူတွေ အတွက် တစ်ပတ်လျှင် ၂၅၀ ကျပ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ငွေဖြည့်တဲ့ ကုဒ်နံပါတ်တွေ ကို ABC Convenience Store များနဲ့ Grab and Go Store တွေမှာ ၀ယ်ယူ ရရှိနိုင်ပါတယ်။ Telenor Simcard နဲ့ ငွေပေးချေနိုင်မှာဖြစ်ပြီး ငွေပေးချေမှုအတွက် ဖုန်းဘေလ်ထဲကနေ ကောက်ခံသွားမှာဖြစ်ပါတယ်။
ယနေ့ ကံကြမ္မာ Baydin Application ကို Android OS နှင့် IOS များအတွက် ထုတ်ပေးထားကာ Google Playstore နှင့် Apple App Store တွေမှာ အခမဲ့Download လုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Comments