လိင်ဆက်ဆံစဉ် လောင်ကျွမ်းသွားသော ကယ်လိုရီများကို တွက်ချက်ပေးမယ့် စမတ်ကွန်ဒုံး


လိင်ဆက်ဆံတဲ့ စွမ်းဆောင်ရည်နှုန်းအပြင် ကူးစက်ရောဂါတွေကိုပါ ရှာဖွေသိရှိနိုင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ကွန်ဒုံးကို British Condoms ကုမ္ပဏီက မိတ်ဆက်ပေးလိုက်ပါတယ်။
i.Con လို့ခေါ်တဲ့ စမတ်ကွန်ဒုံးဟာ လိင်ဆက်ဆံစဉ်အတွင်း ကြာမြင့်ချိန်၊ အမြန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ စတာတွေကို တိုင်းတာတွက်ချက်ပေးနိုင်သလို chlamydia နဲ့ syphilis လို ကူးစက်ရောဂါတွေကိုလည်း ရှာဖွေသိရှိနိုင်ပါတယ်။
အချက်အလက်အားလုံးကို အမည်မဖော်ပြဘဲ သိမ်းဆည်းပေးထားမှာဖြစ်ပေမယ့် သုံးစွဲသူတွေက သူတို့ရဲ့ အချက်အလက်တွေကို သူငယ်ချင်းများနဲ့အတူ ဝေမျှနိုင်မယ့် option ပါဝင်တယ်လို့ ဆိုပါတယ်။
အခြားသော ကျန်းမာရေးခြေရာခံထုတ်ကုန်များကဲ့သို့ပင် အချက်အလက်များကို စမတ်ဖုန်း app တစ်ခုထံ ပေးပို့ရန်အတွက် i.Con မှာ nano-chip နဲ့ bluetooth နည်းပညာကို အသုံးပြုထားပါတယ်။
ဒီစမတ် ကွန်ဒုံးကို လူ ၉၀,၀၀၀ ကျော်က ကြိုတင်မှာယူထားပြီး ဒီနှစ်ကုန်ပိုင်းမှာ ပေါင် ၆၀ နဲ့ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
i.Con ဟာ အကွင်းတစ်ခုသာဖြစ်ပြီး ကွန်ဒုံးရဲ့ အောက်ခြေမှာ ဝတ်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်။ အရွယ်အစားကို ချိန်ညှိနိုင်ပြီး အကြိမ်များစွာ ဝတ်ဆင်နိုင်ကာ အာမခံ တစ်နှစ်ပေးထားတယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Micro USB port တစ်ခုပါဝင်တာကြောင့် အားပြန်သွင်းနိုင်ပြီး အားတစ်ကြိမ်သွင်းပြီးတိုင်း ၆ နာရီကနေ ၈ နာရီကြာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Comments