Business Administration Management ပညာဒါနသင်တန်းဖွင့်မည်



Business Administration Management သင်တန်းကို ပညာဒါနသင်တန်းအဖြစ် မတ်လ ၁၈ ရက် နဲ့ ၁၉ ရက် တွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းမှာတော့ HR နဲ့ Administration ကွဲပြားပုံ၊Administrative management အကြောင်း အပါအအဝင် office Management အတွက် လိုအပ်တဲ့ skill တွေအကြောင်းကို သင်ကြားပြသပေးမှာဖြစ်ပါတယ်။
သင်တန်းကြေးအခမဲ့ဖြစ်ပြီး စာရွက်စာတမ်းကြေးသာ ကောက်ခံမှာဖြစ်ပါတယ်။ သင်တန်းနှစ်ရက်တက်ရောက်ပြီးပါက Certificate ရရှိမှာဖြစ်ပြီးသင်ကြားချိန် ၁၆ နာရီကြာမြင့်မှာဖြစ်တဲ့အတွက် ဘာသာရပ်တစ်ခုစီကို ထိရောက်စွာဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့က သင်ကြားမှုအတွေ့အကြုံရင့် ဆရာကြီးများက ယနေ့ခေတ်အသုံးပြုနေကြတဲ့ Effective learning style သင်ကြားရေးပုံစံကို အသုံးပြုသင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းပြီးဆုံးပါက ဆက်လက်လေ့လာရန် လမ်းညွှန်ပြသခြင်း စာအုပ်စာတမ်းများကို အလျဉ်းသင့်သလို လက်ဆောင်ပေးအပ်မှာလည်းဖြစ်ပါတယ်။ အသေးစိတ်ကို လမ်း ၃၀ နှင့် ၆၂ လမ်း၊ ငါးစို့ကျောင်းတိုက်၊ ဖုန်း - ၀၉၄၂၀၅၀၃၉၆၃ မှာ စုံစမ်းနိုင်ပါတယ်။

Comments