CIA က သင့်ရဲ့ iPhone ,Android နှင့် Smart TV တွေကိုဘယ်လိုပစ်မှတ်ထားသလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့တဲ့ Wikileaks
သင်တို့နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းကိရိယာများကို အမေရိကန်အစိုးရက ဘယ်လိုခြေရာခံနေလဲဆိုတာတဲ့ အသေးစိတ်အချက်များကို စုဆောင်းနေတဲ့ Wikileaks ဟာ သူ့ရဲ့သတင်းစုဆောင်းမှုတွေ ကျဆင်းလို့နေပါ တယ်။
Privacyနဲ့ လုံခြုံရေးသဘောသက်ရောက်မှုတွေရှိတဲ့ iPhones, iPads, Android, PCs, routersနှင့် စမတ်TVလို ပစ္စည်းမျိုးတွေမှာ သတင်းအချက်အလက်တွေ ပေါက်ကြားနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။
အမေရိကန်အစိုးရဟာ ကွန်ပျူတာဆော့ဝဲလ်များနှင့် မိုဘိုင်းdevices များမှာထည့်သွင်းထားတဲ့ လုံခြုံစနစ်များကို ကျော်လွှားနိုင်ရှိတဲ့စွမ်းရည်ရှိတဲ့အတွက် ပေါက်ကြားမှုအများစုဟာအမေရိကန်အစိုးရက လုပ်ဆောင်ခဲ့တာဖြစ် တယ်လို့ လူအများစုယူဆနေကြပါတယ်။
ဥပမာအားဖြင့် Windows, Mac OS, Linux တို့လိုကွန်ပျူတာတွေမှာ ဟက်ကာတွေဝင်ရောက်နိုင်တဲ့ အား နည်းချက်များစွာရှိပါတယ်။ CIA ရဲ့ စွမ်းရည်မြင့် tool တွေနဲ့ဆို ဒီလိုကိစ္စမျိုးဟာ ဖြစ်နိုင်တယ်လို့ အစီအရင်ခံစာများက ဆိုထားပါတယ်
CIA ရဲ့ နည်းပညာဟာ သမ္မတရဲ့ Twitter account ကို run ထားတဲ့ Android နှင့် iPhone နှစ်မျိုးလုံးကို zero dayexploits များသုံး၍ဖောက်ထွင်းဝင်ရောက်နိုင်ပြီးထိန်းချုပ်မှုများပြုလုပ်နိုင်တယ်ဆိုတဲ့အချက်ကိုကြီးမားတဲ့လုံခြုံရေး အသိုင်းအ၀ိုင်းက မသိကြပါဘူး။ Zero day ဆိုတာ လုံခြုံရေးအားနည်းချက် ရှာဖွေတွေ့ရှိသည်အချိန်နှင့် ပထမဦးဆုံးတိုက်ခိုက်မှုအကြား သုည ရက်ကာလကို ဆိုပါတယ်။ CIA ရဲ့ target စာရင်းမှာ ပုံမှန်ဆက်သွယ်ရေးပစ္စည်းများအပြင် Samsung Smart TV များကိုပါ Audio Recorder အသွင်ပြောင်းလဲကာစကားပြောဆိုချက်များ ခိုးယူနားထောင်ဖို့ အသုံးပြုနိုင်ပါတယ်။
CIA ဟာ အချို့သောကားဆော့ဝဲလ်များကို ထိန်းချုပ်နိုင်တဲ့ Toolများပြုလုပ်နေပြီဖြစ်ကြောင်း၊လုပ်ကြံသတ်ဖြတ်မှု များအပေါ်မှာ ထိရောက်စွာလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း Wikileak ရဲ့အစီအရင်ခံစာများအရသိရပါတယ် ။ သတင်းပေါက်ကြားမှုများအကြာင်းအသေးစိတ်ကို Wikileak website မှာဖတ်ရှုလို့ရနေပါပြီ။
Comments
Post a Comment