ဒေါ်လာ ၁,၈၀၀ ဖြင့် စတင်ရောင်းချမည့် Corsair ၏ gaming ကွန်ပျူတာများ

Corsair ဟာကွန်ပျူတာ hardware အစိတ်အပိုင်းတွေနဲ့ တွဲဖက်ပစ္စည်းတွေများစွာ ရောင်းချနေတဲ့ ကုမ္ပဏီ
တစ်ခုပါ။ အခုဆိုရင် Corsair အနေနဲ့ gaming ကွန်ပျူတာဈေးကွက်ထဲကို စတင် ဝင်ရောက်လာပါပြီ။

ကုမ္ပဏီရဲ့ ပထမဆုံး gaming ကွန်ပျူတာ Corsair One ကိုမိတ်ဆက်ခဲ့ပါတယ်။ Corsair One မှာအ
ဆင့်မြင့် hardware တချို့ပါဝင်လာပါတယ်။ ဈေးနှုန်းအသက်သာဆုံး Corsair One ဗားရှင်းမှာတောင် အရည်နဲ့ အေးအောင် ပြုလုပ်ပေးနိုင်တဲ့ 4.2 GHz Core i7 770, 8GB GTX 1070, RAM 16GB, SSD 240GB နဲ့ 1TB HDD တို့ပါဝင်လာပါတယ်။ ဈေးနှုန်းက အခွန်မဆောင်ရသေးခင် ဒေါ်လာ ၁,၈၀၀ ကျသင့်ပါမယ်။
ဈေးနှုန်းမြင့်မားတဲ့ Corsair One မော်ဒယ်တွေမှာ အဆင့်မြင့် GPU တွေနဲ့ storage များစွာ ပါဝင်သလို အဆင့်မြှင့်တင်မှုလည်း ပြုလုပ်ထားပါတယ်။ i7, 7700K, 11GB GTX 1080 Ti နဲ့ 960GB SSD ပါဝင်တဲ့ အမြင့်ဆုံးမော်ဒယ်က ဒေါ်လာ ၂,၆၀၀ အထိကျသင့်နိုင်ပါတယ်။
ဘယ်အစိတ်အပိုင်းကိုမဆို case အတွင်း သင့်တော်အောင်ထည့်သွင်းနိုင်ဖို့ အထူးရွေးချယ်ထားတယ်လို့ Corsair ကပြောခဲ့ပါတယ်။ Corsair One မှာ Windows 10 အသုံးပြုထားတာကြောင့် Steam, GOG, Battle.met နဲ့ Uplay တို့ကို ထည့်သွင်းထားပြီးသား ဖြစ်ပါတယ်။

အခုအခါမှာတော့ မြောက်အမေရိက၊ ဥရောပနဲ့ သြစတြေးလျတို့မှာ ကြိုတင်မှာယူနိုင်ပါတယ်။ မတ်လ နှောင်းပိုင်းမှပဲ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

Comments