Diploma in Server Infrastructure သင်တန်းဖွင့်လှစ်မည်







ပြည်တွင်း၊ ပြည်ပရှိ ICT Server Infrastructure များတွင် Microsoft Certified Engineer ဖြစ်လိုသူများ၊ လုပ်ငန်းအတွေ့အကြုံရှိပြီး ထပ်ဆင့်မြင့်သောရာထူး ရယူလိုသူများ၊ Server နှင့် ပတ်သက်သောအပိုင်းကို စိတ်ဝင်စားသူများ အတွက် ရည်ရွယ်၍ Diploma in Server Infrastructure သင်တန်းကိုဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် Installing and Configuring Windows Server 2012, Administering Windows Server 2012, Con-figuring Advanced Windows Server 2012 Services, Desi-gning and Implementing a Server Infrastructure, Implementing an Advanced Server Infrastructure စသည့် ဘာသာရပ်များကို သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Microsoft Server 2012 R2 ၏အလုပ်လုပ်ပုံ အဆင့်ဆင့်နှင့် အမျိုးမျိုးသော Server Roles များ၏ Policy သဘောတရားများအကြောင်းကို စာတွေ့လက်တွေ့ပြည့်စုံစွာ MCSE အထိအသေးစိတ်ကို လက်တွေ့ လုပ်ဆောင်နိုင်ရန် သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် International Certified Trainer ဆရာ၊ ဆရာမများမှ သင်ကြားပေးသွားမည်ဖြစ်သည်ဟု သိရသည်။
သင်တန်းပြီးဆုံးပါက နိုင်ငံတကာအသိအမှတ်ပြု Diploma လက်မှတ်ကိုရရှိမည်ဖြစ်သည်ဟု သိရသည်။ သင်တန်းကြေးကိုလည်း လစဉ်အရစ်ကျငွေပေးချေမှုစနစ်ဖြင့် ပေးဆောင်နိုင်မည်ဖြစ်သည်။ သင်တန်းကာလအနေဖြင့် (၁၀) လကြာမြင့်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁- ၆၅၂၂၄၃၊ ၀၉-၉၇၉၂၉၁၉၁၁ နှင့် www.facebook.com/NIIT.Myanmar သို့ဆက်သွယ်စုံစမ်းနိုင်သည်။

Comments