၅.၅ လက်မ display, 2GB RAM နဲ့ 13MP ကင်မရာပါဝင်တဲ့ Sony Xperia L1


Xperia L1 လို့ ခေါ်တဲ့ စမတ်ဖုန်းသစ် တစ်မျိုးကို Sony က ပွဲထုတ်မိတ်ဆက်လိုက်ပါတယ်။

အဲ့ဒီ mid-range စမတ်ဖုန်းမှာ ၅.၅ လက်မ HD display နဲ့ MediaTek MT6737T chipset ကို အသုံးပြုထားပါတယ်။
RAM က 2GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 16GB ပါ။ 16GB နဲ့ မလောက်တဲ့သူတွေကတော့ MicroSD card ကနေ နောက်ထပ် 256GB အထိ တိုးမြှင့်သိမ်းဆည်းနိုင်ပါတယ်။ ကျောဘက်မှာ 13MP ပင်မကင်မရာပါဝင်ပါတယ်။ Selfie ကင်မရာကတော့ 5MP ဖြစ်ပါတယ်။
ဘက်ထရီက 2,620mAh ဖြစ်ပြီး Android Nougat နဲ့ Sony ရဲ့ custom user interface တို့နဲ့ သုံးနိုင်ပါတယ်။ ဒါ့အပြင် Xperia Actions engine လို့ခေါ်တဲ့ ပတ်ဝန်းကျင်အပေါ်မူတည်ပြီး Do not disturb နဲ့ display brightness တွေကို အလိုအလျောက် သတ်မှတ်ပေးတဲ့ feature အချို့ ပါဝင်ပါတယ်။
Xperia L1 ကို ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့မှာ ဧပြီလကုန်ပိုင်းကစပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ မကြေညာသေးပါဘူး။

Comments